Malaysian Firm to Build $782 Million City Project

0
1114

Ei Thandar Tun

BDS Smart City Co., Ltd., a subsidiary of Malaysia’s Berjaya Land Berhad, is set to build a $782.72 million city project in Yangon’s Dagon Seikkan Township following the signing of a concession agreement with the Yangon Regional Government on February 7.
The project, located on 184 acres of land at the corner of Shweli and Myananda roads, will be implemented in three phases over six to 10 years and will include affordable and high-end housing, shops, school, clinics and mixed-use developments.
The company has earmarked $182 million of its $782.72 million capital for affordable housing development comprising 3,848 units with total floor area of over 242,000 square meters.
In addition to this project, Dagon Seikkan Township will be home to the $80 million Seamanea Yangon wholesale project.

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမေရိကန်ဒေါ်လာ ၇၈၂.၇၂သန်း ရင်းနှီးမြှုပ်နှံကာ           ဘက်စုံစီမံကိန်းတစ်ရပ်ကို          BDS Smart City Co., Ltd က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

စီမံကိန်းအကောင်အထည်ဖော်ရန် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BDS Smart City Co., Ltd တို့သည် Concession Agreement လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်ရှိ မြေဧရိယာ ၁၈၃ ဧကပေါ်တွင် စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလ ၆နှစ် မှ ၁၀နှစ် အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

BDS Smart City Project ကို အပိုင်း ၁၂ပိုင်း ခွဲခြားထားပြီး စီမံကိန်းတွင် တန်ဖိုးမျှတ အိမ်ရာ၊ အဆင့်မြင့်အိမ်ရာ၊ ဆိုင်ခန်းများ၊ ကျောင်း၊ ဆေးခန်း နှင့် ဘက်စုံဖွံ့ဖြိုးရေးပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများအနက်မှ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို အမေရိကန်ဒေါ်လာ ၇၈၂.၇၂သန်း အနက်မှ ၁၈၂သန်း ကုန်ကျခံကာ တည်ဆောက်သွားမည် ဖြစ်သည်။

အကျယ်အဝန်း ၂၄၂၇၉၉.၅၂ စတုရန်းမီတာတွင် အိမ်ရာယူနစ်ပေါင်း ၃၈၄၈ ခန်း တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစိုးရတန်ဖိုးနည်းအိမ်ရာစီမံကိန်းများအပြင် ကန်ဒေါ်လာ သန်း ၈၀ ကျော်ဖြင့်တည်ဆောက်လျက်ရှိသည့် Seamanea Yangon လက္ကားဈေး စီမံကိန်းသည်လည်း လာမည့်ဧပြီလတွင် ပြီးစီးမည်ဖြစ်သည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleFrontiir Chosen to Develop Cyber Connectivity for New City
Next articleUNDP, Ooredoo Join Forces Behind Innovation Hub