(English Text Below)
ဧပြီလ ၃၀ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း သွားလာမည့် အိမ်စီးကားများတွင် ယာဉ်မောင်းအပါအ၀င် လူလေးဦးသာ လိုက်ပါစီးနှင်းခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပြည်သူလူထုထံသို့ ရောဂါမပြန့်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာ၀န်တစ်ရပ်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုရှိစေရန်အတွက် ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများသာ သွားလာခွင့်ပြုထားပြီး ခရီးသည်တင်ယာဉ်လိုင်းများ၊ ဘုရားဖူးယာဉ်များ၊ အပန်းဖြေ ခရီးသွားယာဉ်များကို မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၀င်ထွက်သွားလာခွင့် မေလ ၁၅ရက်နေ့အထိ တားမြစ်ကန့်သတ်ထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယာဉ်များ ၀င်ထွက်သွားလာမှုကို ဧပြီလ ၃၀ရက်နေ့အထိ တားမြစ်ထားခြင်းဖြစ်သော်လည်း COVID 19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် မေလ ၁၅ရက်နေ့အထိ တိုးမြှင့်ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းသို့ သွားလာမည့် ယာဉ်များအနေဖြင့် မန္တလေးမြို့သို့ ၀င်ရောက်ခြင်းမပြုဘဲ တံတားဦးလမ်း၊ ပခုက္ကူ-ကျောက်ပန်းတောင်းလမ်း၊ ပျော်ဘွယ်(ဘုရားငါးဆူ)မှ ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း စသည့် လမ်းကြောင်းများမှသာ သွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
Mandalay Regional Government has decided to re-allow home-used cars to drive on the streets in the city starting from April 30 but there must be only four passengers on board including driver in order to control the spread of Covid-19.
Trucks are also allowed to drive on the streets of Mandalay again to streamline the commodity supply. But passenger buses, pilgrimage trip buses, and holiday buses are not allowed to enter the city until May 15 as the regional authority has extended the travel restriction period to May 15 from April 30.
Moreover, buses from Kachin State, Kayah State, Chin State, Sagaing Region, Magway Region, and Shan State travelling to Bago Region and Yangon Region are also not allowed to pass through Mandalay City; instead they will have to use different route such as Tadar Oo Road, Pakkoku-Kyaukpadaung Road, and Pyawbwe to Yangon-Mandalay Express Way.