Zin Thu Tun/Myanmar Business Today
The Directorate of Industrial Supervision and Inspection (Mandalay) will suspend SME membership applications, both online and offline, throughout December to allow time for the agency to work on expanding the registration system and review existing data.
In July 2018, the directorate launched online registration through a web portal to make it easier for owners of small and medium enterprises to register their business. It has also introduced e-payment for registration fees.
The temporary suspension of registration is meant to allow the directorate time to ensure that data provided by applicants are complete and accurate. The agency collects data on SMEs in collaboration with other government agencies under a pilot project to ensure availability of accurate data.
There are more than 70,000 registered SMEs in Myanmar. The Mandalay region has the largest number of registered SMEs, including over 10,000 small enterprises and 500 medium-size enterprises.
Myanmar Summary
မန္တလေးတိုင်းအတွင်း SME Member Card လျှောက်ထားလက်ခံမှု ဒီဇင်ဘာလအတွင်း ယာယီရပ်နားမည်
မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များ၏ SME Member Card လျှောက်ထားမှုကို ဒီဇင်ဘာလအတွင်းယာယီ ရပ်နားထားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
SME Member Card လျှောက်ထားရာ၌ စနစ်အသစ်တိုးချဲ့ပြီး အချက်အလက်များကို ပြန်လည် စိစစ်ရန် ဒီဇင်ဘာ (၂) မှ (၃၁) ရက်အထိ ယာယီရပ်နားထားရမည်ဖြစ်သည်။ အဆိုပါကာလအတွင်း ဌာနသို့ စာရွက် စာတမ်းဖြင့် လျှောက်ထားခြင်းအပြင် အွန်လိုင်းမှမှတ်ပုံတင်လျှောက်ထားမှုပါရပ်နားထားမည်ဖြစ်သည်။
အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် Member Card ပြုလုပ်ရာ၌ အချိန်ကုန်သက်သာ စေရန်နှင့် လွယ်ကူမြန်ဆန်စေရန် Web Portal မှတဆင့် Online Registration စနစ်ဖြင့် လျှောက်ထားနိုင်ရန် ၂၀၁၈ခုနှစ်၊ ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို့ လျှောက်ထားရာတွင် E-Payment စနစ်ဖြင့် ငွေပေးသွင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း အဆင့်ဆင့်မှန်ကန်မှုရှိစေရန်နှင့် ဖြည့်သွင်းပြီးသောအချက်အလက်များ ပြည့်စုံခြင်းရှိ၊ မရှိ စိစစ်သွားမည် ဖြစ်သောကြောင့် ယခုကဲ့သို့ ယာယီရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယာယီရပ်နားချိန်၌ အခြားသောသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ တိကျသောအချက်အလက်များအား သိရှိနိုင်ရန် Pilot Project အနေဖြင့် စာရင်းကောက်ခံသွားမည်ဖြစ်သည်။
နိုင်ငံတစ်ဝှမ်း SME Member Card ပြုလုပ်ထားသော အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ခုနှစ်သောင်းကျော်ရှိပြီး မန္တလေးတိုင်းဒေသကြီး၌ Member Card ပြုလုပ်ထားမှု အများဆုံးဖြဈသည်။ အသေးစား လုပ်ငန်းရှင်ပေါင်းတစ်သောင်းကျော်နှင့် အလတ်စားလုပ်ငန်းရှင်ပေါင်း (၅၀၀)ကျော်မန္တလေးတိုင်းတွင် ရှိကြောင်း အသေးစား၊ အလတ်စားစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီဌာန၏ စာရင်းများအရ သိရသည်။