Home Business Mastercard to Open a Local Office in Yangon

Mastercard to Open a Local Office in Yangon

Mastercard announced that it is deepening its commitment to Myanmar by taking steps to incorporate an entity in the country – thereby establishing a local office presence in Yangon – and to appoint a country business development manager.

“As Myanmar continues its digital transformation, it is also necessary to empower its people with the skill sets and knowledge they need to participate actively in the digital economy. Mastercard will bring to Myanmar decades of experience in technology skilling that will enable the country to accelerate human capital development,” said Safdar Khan, Division President, Southeast Asia Emerging Markets, Mastercard.

Mastercard aims to support the advancement of Myanmar’s digital payments ecosystem and its efforts to build a futuristic and inclusive cashless society. The establishment of the local office also underscores Mastercard’s long-term commitment to advancing Myanmar’s national digital agenda and reflects the company’s continued confidence in the market.

Myanmar’s GDP growth is expected to rebound to six percent in 2021, making it one of the fastest-growing economies in the Southeast Asian region. The market has successfully leapfrogged several of the usual transition steps on its way to becoming a digital economy.

Despite less than a quarter of the country has a bank account, 80 percent of its citizens own a mobile phone, with many using their devices to conduct transactions and remit funds digitally. The government of Myanmar has been actively leveraging these advances to lay the foundation for a modern payments’ infrastructure designed to allow entrepreneurs and businesses to capitalize on opportunities across consumer, commercial, and government payment flows.


Mastercard မှ  မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ၎င်း၏ သီးခြားရုံးခွဲအား ဖွင့်လှစ်ရန် စတင်လုပ်ဆောင်လျှက်ရှိပြီး  မြန်မာနိုင်ငံအတွက် country business development manager တစ်ဦးအား ခန့်အပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာတွေအချိန်နဲ့ တပြေးညီ တိုးတက်နေတာနဲ့အမျှ နိုင်ငံသားတွေအနေနဲ့ လိုအပ်တဲ့ အသိပညာ အရည်အချင်းတွေလည်း တိုးတက်လာပြီး ဒီဂျစ်တယ် စီးပွားရေးစနစ်မှာ တက်ကြွစွာ ပါဝင်စေချင်ပါတယ်။ Mastercard အနေနဲ့ မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ ရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ နည်းပညာစွမ်းဆောင်ရည်တွေကို ယူဆောင်လာမှာဖြစ်ပြီး ဒါဟာ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အပံ့ကောင်း ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု Mastercard၊ Southeast Asia Emerging Markets ရဲ့ Division President ဖြစ်သူ Safdar Khan ကပြောသည်။

Mastercard အနေဖြင့် ယခုကဲ့သို့မြန်မာနိုင်ငံအတွင်း အခြေချမှုကို ပြုလုပ်ရခြင်းမှာ နိုင်ငံ၏ ဒီဂျစ်တယ် ငွေပေးချေရေး ဂေဟစနစ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အပံ့ကောင်း ဖြစ်လာစေရန်နှင့် အနာဂတ်တွင် နည်းပညာမြင့်မားသော ငွေသားမဲ့ ပေးချေသောစနစ်အား ဖော်ဆောင်ရန် ရည်ရွယ်ကြောင်းသိရသည်။ ယခုကဲ့သို့သော လုပ်ဆောင်ချက်အရ Mastercard သည် မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအား အရှိန်မြှင့်တင်ရန်အတွက် နှစ်ရှည် ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ကာ ဈေးကွက်အပေါ်လည်း ယုံကြည်မှုများရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် ထိုးတက်လာနိုင်ဖွယ်ရှိပြီး အရှေ့တောင်အာရှဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျှင်မြန်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာကောင်းများစွာ ရှိနေပါသည်။ ဈေးကွက်အတွင်းတွင်လည်း ဒီဂျစ်တယ်စီးပွားရေး ဘက်သို့ တစ်ဆင့်ပြီးတစ်ဆင့် အလျင်အမြန် ကူးပြောင်းလာသည်ကို တွေ့မြင်နေရပါသည်။

နိုင်ငံ၏ လေးပုံတစ်ပုံအောက်သာ ဘဏ်အကောင့်များ အသုံးပြုလျက်ရှိသော်လည်း လူဦးရေ၏ ၈၀%ရာခိုင်နှုန်းမှာ စမတ်ဖုန်းများ အသုံးပြုနေကြပြီး  ဖုန်းမှတစ်ဆင့် ဒီဂျစ်တယ်စနစ်ဖြင့် ငွေပေးချေခြင်း၊ ငွေလွှဲခြင်းများကို အများအပြား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအစိုးရ အနေဖြင့်လည်း ခေတ်မီသော ငွေပေးချေရေး စနစ်သစ်အတွက် အထောက်အပံ့များစွာကို ဆက်တိုက်ပေးနေပြီး၊ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဌာနများအကြား ငွေပေးချေမှုနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန်အတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများအား အခွင့်အလမ်းများပေးကာ ပံ့ပိုးလျက်ရှိသည်။

- Advertisment -

Must Read

Tourist ngapali beach rakhine

Myanmar’s dream to receive 5 million tourists blown away by COVID-19 

U Ohn Maung, Union Minister of the Ministry of Hotels and Tourism, said that Myanmar’s dream of receiving five million tourists in 2020 was...