အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar Computer Professionals Association-MCPA in partnership with the government’s Human Resource Development Sub-Committee will organize an online conference for Chief Information Officers and Chief Technology Officers (CTO).
The conference is aimed to empower them by sharing knowledge, ethics, and know-how in the areas of role and responsibilities, skill and certifications, awareness of industry 4.0 and focusing ideas, transformation in innovative ways.
Chief Information Officers and Chief Technology Officers from both public and private sectors, ICT executives from multi-national corporations, non-government organizations, international non-government organizations, ICT professionals will join the conference.
The agendas for August 27 include opening ceremonies, how to measure the capability of CIO/CTOs, and the role of CIO/CTOs during the pandemic and for August 28 includes topics such as Opportunities & Challenges in Industry 4.9, 2020 technology trend, and Success Through Innovation.
Those interested to join the conference can do online registration from August 20 until 9 a.m. August 28.
For detailed information, you can visit MCPA’s Facebook page, call 01 9339220, 09408833220, or email yrcpaoffice@gmail.com.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း မှ CIO/CTO Online Conference ဆွေးနွေးနှီးနှောဖလှယ်ပွဲကို သြဂုတ် ၂၇ ရက် နှင့်၂၈ ရက် များတွင် အွန်လိုင်းမှ ကျင်းပပြုမည်။eGovernment လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) တို့ကဦးဆောင်မည်ဖြစ်သည်။
ကဏ္ဍအမျိုးမျိုး မှ CIO/CTO တွေအတွက် Role and Responsibilities, Skill and Certifications, Awareness of Industry 4.0 and focusing ideas, Transformation by innovative ways အစရှိသော ရှုထောင့်များမှ သိရှိဖွယ်၊ ဆင်ခြင်ဖွယ်၊ တွေးတောဖွယ်ရာများ ရရှိစေခြင်းဖြင့် Transformation လုပ်ငန်းများကို ပိုမိုထိရောက် အကျိုးရှိစေရန်ကျင်းပပြုခြင်ဖြစ်ကြောင်းသိရသသည်။
အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍများမှ Chief Information Officer (CIO) တွေ၊ Chief Technology Officer (CTO) တွေ၊ Multi-National Corporation (MNC), Non-Government Organization (NGO), International Non-Government Organization (INGO) များမှ ICT Executive များ၊ ICT Professional များကအွန်လိုင်းဖြင့် MICT Park အဆောင် (၁၄) ၊ ဒုတိယထပ်ရှိ MCPA (Yangon) Live Room အတွင်းမှလည်းကောင်း၊ နိုင်ငံခြားနှင့် ရပ်ဝေးရောက်ရှိသူတွေက သက်ဆိုင်ရာ နေရာအသီးသီးမှ လည်းကောင်း Online Platform မှ ပါဝင်ဆွေးနွေးသွာမည်ဖြစ်သည်။
နှီးနှောဖလှယ်ပွဲ ပထမနေ့အဖြစ် သြဂုတ် ၂၇ ရက်မှာ ဖွင့်ပွဲအခမ်းအနား၊ အဖွဲ့အစည်းတစ်ခုက မိမိ၏ CIO/CTO စွမ်းဆောင်ရည်ကိုဘယ်လိုတိုင်းတာမလဲ၊ ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကာလအတွင်း CIO/CTO တို့၏ကဏ္ဍ အစရှိသော ခေါင်းစဥ်များကိုဆွေးနွေးပေးသွားမည်။
သြဂုတ် ၂၈ ရက်မှာ Opportunities & Challenges in Industry 4.0 (နည်းပညာခေတ်၏စိန်ခေါ်ခံ)၊ ၂၀၂၀ ပြည့်နှစ် နည်းပညာရေးစီးကြောင်း၊ ဖန်တီးတီထွင် အောင်ပွဲဝင် အစရှိသောခေါင်းစဥ်များနှင့်နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲအထိ ဆွေးနွေးနှီးနှောဖလှယ်သွားကြမည်ဖြစ်သည်။
တက်ရောက်လိုသူများသည် Online registeration ကို သြဂုတ် ၂၀ ရက် နံနက် ၉ နာရီ မှ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီအထိ သက်ဆိုင်ရာ Register Link သို့ ကြိုတင်ဝင်ရောက်ပြီး အချက်အလက်များ ဖြည့်သွင်းမှတ်ပုံတင်ကာ Your Webinar Link သို့ ဝင်ရောက်ထားရမည်ဖြစ်သည်။
Online Platform သို့ဝင်ရောက်ရန် လမ်းညွှန်ချက် အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း၏ Social Media Page များတွင် ကြည့်ရှုနိုင်ပြီး အသေးစိတ်ကို ဖုန်း-၀၁-၉၃၃၉၂၂၀၊ ၀၉၄၀၈၈၃၃၂၂၀ ၊အီးမေးလ်- yrcpaoffice@gmail.com သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။