အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar Investment Commission has approved a $115 million worth investment proposal in Tanintharyi Region. The project, which will include shrimp farming, cold storage facility, and export, is expected to create over a thousand jobs for local people.
Along with the project, the investment body also approved eight new investments as well as investment expansion proposals from nine existing investments, totaling $135.144 million and K54.115 billion. MIC estimates that the investment will create 2,008 jobs.
According to data from the Directorate of Investment and Company Administration as of the end of June, Singapore stands as the biggest investor in Myanmar followed by China and Thailand.
Foreign Direct Investments from 51 countries and territories go into 12 sectors of which power sector shares 26.52 percent, oil and gas 26.44 percent, and manufacturing 14.28 percent.
The investment commission has approved a total of 28 investment in the Tanintharyi Region since the 2015-16 Fiscal Year.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ဒေါ်လာ(၁၁၅)သန်း တန်ဖိုးရှိပြီး လုပ်သား အင်အား (၁,၀၀၀) ကျော် ဖန်တီးပေးနိုင်မည့် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်း လုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုလိုက်သည်။
ဆောင်ရွက်ဆဲလုပ်ငန်း ၉ ခုမှ မတည်ငွေ ရင်းတိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ အခြားကဏ္ဍတို့မှ လုပ်ငန်း အသစ် (၈)ခု ကိုခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၁၃၅.၁၄၄) သန်းနှင့် ကျပ် (၅၄,၁၁၅.၇၂၃) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၀၀၈) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၂၀၂၀ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံ/ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၆.၅၂%) ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၄၄%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၂၈%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
တနင်္သာရီ တိုင်းဒေသကြီး အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၅ – ၂၀၁၆ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေး နှစ်အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း(၂၈)ခုရှိသည်။