Home Business MIC approves 14 new investments

MIC approves 14 new investments

Myanmar Investment Commission on its 1/2021 meeting approved 14 new investment proposals worth $295.279 million, estimated to create 4,371 jobs for local people. The investments including four investment expansions from existing ones are made in the solar power sector, livestock breeding sector, housing development sector, and service sector.

The approved investments include four 40-megawatt solar power production and distribution projects in Mandalay Region, Sagaing Region, and Magway Region. The other investments in the livestock sector include fish feed production and distribution projects by Scoular Myanmar Co., Ltd and one other swine breeding project.

Myanmar Investment Commission said that it has increased its efforts to promote investments in line with the COVID-19 Economic Relief and Reform Plan. Moreover, the solar power projects, the commission said, will support the country’s nationwide electrification goal by 2030 and in line with the direction to focus on renewable energy included in the State Counsellor’s address at Climate Ambition Summit.

As of December 2020, the electricity sector among the other 12 sectors where 51 countries and territories have invested is the largest receiving 26.13 percent of foreign investments followed by the oil and gas sector with 25.98 percent and the manufacturing sector with 14.67 percent.

Written by Ko Myo


အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၃၇၁ နေရာ ဖန်တီးပေးနိုင်မည့် လုပ်ငန်း ၁၄ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးက ခွင့်ပြုခဲ့သည်။

ယခု အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် နေရောင်ခြည် စွမ်းအင် သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းသစ် ၁၄ ခုကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏ သည် အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၂၇၉ သန်းနှင့် ငွေကျပ် ၁၅၃ ဒသမ ၆၈၆ ဘီလီယံရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၃၇၁ နေရာကို ဖန်တီးပေးနိုင်မည်ဟု သိရသည်။

ယခု ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် မန္တလေး တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၌ ဆောင်ရွက်မည့် ၄၀ မဂ္ဂါဝပ်နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ် အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၄ ခုနှင့် ရန်ကုန် တိုင်းဒေသကြီးတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Scoular Myanmar Co., Ltd. က ဆောင်ရွက်မည့် တန်ဖိုးမြှင့် ထုတ် လုပ်ထားသော ငါးစာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချ ခြင်းလုပ်ငန်း ၁ ခု အပါအဝင် ဝက်မွေး မြူရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရ သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကိုဗစ်- ၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် နှင့်အညီ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ ကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ယခုခွင့်ပြုပေးသည့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်း လုပ်ငန်းများသည် ၂၀၃၀ ပြည့်နှစ် တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ဦးတည်ချက် အား အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကဆိုထားသည်။ ထို့အပြင် ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည် စွမ်း အင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်း သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်၌အွန်လိုင်း စနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit တွင် ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်း လမ်းညွှန် ချက် အရလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဉတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (National Determined Contribution-NDC) ကို ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရ လည်းကောင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု သိရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသ ပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက်အများဆုံး ရင်းနှီး မြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၃ ရာခိုင် နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ ၂၅ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

Sur Internet, on peut trouver de tout. Le meilleur comme le pire. casino canada De ce fait, il existe de nombreux sites malhonnêtes sur la toile.

Rodenticide Repellent Herbicides Other types of pesticides. newzealandrx.com See privacy information.

- Advertisment -

Must Read

MAI Receives Second A320, Taking Its Fleet Size to Seven Aircraft 

Myanmar's leading carrier, Myanmar Airways International (MAI), received its second A320 yesterday. To commemorate the aircraft's arrival from the Netherlands, a celebratory event was...