အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar Investment Commission (MIC) on August 14 approved three new investments in the manufacturing sector, hotel and tourism sector, and service sector as well as investment expansion from three exiting investments totaling $20.057 million and over K158 billion creating 750 jobs.
U Thaung Tun, Union Minister of the Ministry of Investment and Foreign Economic Relations, who is also the president of MIC, said that Myanmar is trying to meet the foreign direct investment target for this fiscal year, which is $5.8 billion.
As of June since the beginning of this fiscal year, the country has received over $4.336 billion FDI.
The biggest investors in Myanmar as of the end of July this year are Singapore, China, and Thailand.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးတွင်ဆောင်ရွက်ဆဲလုပ်ငန်း(၃)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၃)ခု ကိုခွင့်ပြုခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၀.၀၅၇) သန်းနှင့် ကျပ် (၁၅၈,၀၅၉) သန်းရှိ ပြီးပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း(၇၅၀)နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို သြဂုတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် အမေရိကန်ဒေါ်လာ (၅.၈) ဘီလီယံကို ပြည့်မီရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံ/ဒေသပေါင်း (၅၁)ခု မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၃၃%)ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၂၄%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၁၄.၂၇%) ဖြင့် လည်းကောင်းရင်းနှီးမြှုပ်နှံထားသည်။