Home Business MIC approves a $230.60 mln Industrial Park in Hlegu

MIC approves a $230.60 mln Industrial Park in Hlegu

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Myanmar Investment Commission has approved a $230.60 million worth Hlegu Industrial Park project, to be invested by Singapore based Sembcorp CSSD Myanmar Co., Ltd, as well as $180 million worth AEON Large Scale Shopping Mall, which will create over 2,300 jobs.

In addition to that, the investment body also approved seven new investments in industry, construction, hotels and tourism and service sectors, and seven investment extensions from the existing investments.

The combined investment amounts topped $462.693 million and K73.2065 billion creating 3,662 jobs.

Although the country’s economy suffered the impact of the Covid-19, investments, both local and international, are still flowing into various sectors.

As of June 2020, Singapore, China and Thailand stand as the biggest investors in the country.

Investments in the power sector account for 26.52 percent of the total investments from 51 countries and territories while the oil and gas sector shares 26.44 percent and manufacturing sector by 14.28 percent.

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung


စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အမေရိကန်ဒေါ်လာ (၂၃၀ ဒသမ ၆၀) သန်း တန်ဖိုးရှိ လှည်းကူးစက်မှုဉယျာဉ်မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း(၁၈၀) ရင်းနှီးမြှုပ်နှံမည့် လုပ်သားအင်အား (၂,၃၀၀) ကျော် ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall လုပ်ငန်းတို့ကို ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်သည်။

ဆောင်ရွက်ဆဲလုပ်ငန်း (၇) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို လည်း ခွင့်ပြုခဲ့သည်။

လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၄၆၂ ဒသမ ၆၉၃) သန်းနှင့် ငွေကျပ် (၇၃,၂၀၆ ဒသမ ၅)သန်းရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၆၆၂) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ ရှိသော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

နိုင်ငံ/ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ (၂၆ ဒသမ ၅၂ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၄၄ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၂၈ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

- Advertisment -

Must Read

NIVEA Myanmar and City Mart with the Contribution of Customers Donate...

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် NIVEA Myanmar together with City Mart Holding Co., Ltd. (CMHL) have donated K16.065 million to the Myanmar Red Cross Society as part...