အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar Investment Commission at its meeting held online on September 29 has approved seven investments that will create 4,915 jobs for local people.
It approved investment extension from four existing businesses and seven new investments in manufacturing, real estate, hotel and tourism, and service sectors bringing in $347.85 million and K23.411 billion.
“When looking at the number, the volume of investments until September this fiscal year has surpassed the previous fiscal year’s investment volume. What I want to highlight is that even though we are struggling with the COVID-19, we are doing well, to a certain extent, in managing the economy not to decline,” Daw Aung San Suu Kyi, State Counsellor of Myanmar said in her address to the country on September 25.
The biggest investor in Myanmar as of the end of August is Singapore followed by China and Thailand.
Major sectors that received most of the investments from 51 countries and territories are electricity generation (26.32 %), oil and gas (26.23 %), and manufacturing (14.31 %).
Written by Ko Myo
ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀နီးပါး ဖန်တီးပေးနိုင်မည့် လုပ်ငန်း(၇)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် စက်တင်ဘာလ ၂၉ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ခွင့့်ပြုခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၄) ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦ ကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၃၄၇.၈၅) သန်းနှင့် ကျပ် (၂၃,၄၁၁.၂၅၅) သန်းရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၉၁၅) နေရာကိုဖန်တီးပေးနိုင်မည်ဟု သိရ သည်။
“ကျွန်မတို့ ကိန်းဂဏန်းတွေ ကြည့်လိုက်တယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုဟာ အခု ၉ လပိုင်းပဲရှိသေးပေမယ့် အရင်နှစ်ကထက်ပိုနေပါပြီ။ ပြောချင်တာက ကိုဗစ်ရောဂါနဲ့ ရုန်းကန်နေရတဲ့ အခြေအနေမှာတောင်မှ ကျွန်မတို့စီးပွားရေး သိပ်ပြီးတော့ မကျဆင်းအောင်လို့ ကျွန်မတို့ အတတ်နိုင်ဆုံး ထိန်းထားနိုင်ပါတယ်။ ထိန်းလို့လည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်နေတယ်ဆိုတာလည်း ပြောချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၅ရက်နေ့ညတွင် ပြည်သူလူထုထံသို့ ပြောကြားထားသည်။
မြန်မာနိုင်ငံတွင်၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန် အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများ မှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။
ထို့အပြင်နိုင်ငံ/ဒေသပေါင်း (၅၁) ခုမှ စီးပွားရေး ကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထား ရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၃၂%)ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၂၃%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ (၁၄.၃၁%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။