HomeBusinessMIC cuts service charges by 50 percent

MIC cuts service charges by 50 percent

English Text Below

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံလုပ်ငန်းများနှင့် ပြည်တွင်းရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ အတည်ပြုမိန့်နှင့် ခွင့်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြုပ်နှံလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်တွင် လျှောက်လွှာများ လျှောက်ထားမည်ဆိုပါက ၀န်ဆောင်ခနှုန်းထားများကို ၅၀% လျှော့ချ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ လျှော့ချကောက်ခံရခြင်းမှာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အသုံးစရိတ်များ လျှော့ချပြီး လုပ်ငန်းများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန်အတွက် မူလ ကောက်ခံသည့် နှုန်းထားထက် လျှော့ချကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှော့ချကောက်ခံမှုသည် COVID 19 ရောဂါဖြစ်ပွားနေသည့်ကာလ နိုင်ငံတော် ကြေညာချက်အရ သက်ရောက်မှုရှိသည့် ကာလအထိသာ အကျုံး၀င်မည်ဖြစ်ပြီး ကြေညာထားသည့် သက်တမ်းကုန်ဆုံးပါက နှုန်းထားများကို ပြန်လည်ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မတီတွင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအတွက် လျှောက်လွှာအမျိုးအစားပေါင်း ၂၆ခုရှိပြီး အမြင့်ဆုံးလျှောက်လွှာစျေးနှုန်းမှာ ကျပ်ငွေ ၇၅၀၀၀၀ အထိရှိကြောင်း သိရသည်။


Myanmar Investment Commission announced 50 percent service charges cut for both local and foreign companies when submitting applications in an attempt to reduce the cost for them when making investment amid COVID-19 outbreak.

The cut will continue to be effective until the country make further announcement. After that, the commission will adjust the fees.

There are 26 types of applications with fees ranging from K5,000 to K750,000.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img