HomeInvestment & FinanceMIC to Hold Investment Forum in Shan State

MIC to Hold Investment Forum in Shan State

Zin Thu Tun/Myanmar Business Today

An investment forum is slated to be held in Shan State on November 26, organized by Myanmar Investment Commission (MIC) to attract investments into the state.

The first such forum for States and Regions to be held this fiscal year, it aims to promote agriculture in the state and connect local and foreign investors.

In organizing the forum, the MIC has the support of the German Corporation for International Cooperation (GIZ) and Shan State Investment Committee.

MIC will invite ambassadors, local and international business organizations and private investors to join the forum, held in accordance with Myanmar Investment Promotion Plan to showcase investment opportunities in Shan State as well as local foods and cuisines.

Currently, the energy sector takes the lion’s share of foreign investment in Shan State, followed by the industrial, mining, hotel and tourism and agricultural sector.

The Shan State government will implement investment promotion activities under the 10-year plan for 2020-2030 with a view to improve infrastructural needs, create jobs, promote local businesses and industries and enhance services and supports for investments and businesses.

ဒေသအတွင်းဝင်ရောက်ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများပါဝင်သော ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို လာမည့်နိုဝင်ဘာ(၂၆)ရက်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသော ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှှုမြှင့်တင်ရေးအခမ်းအနားတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဓိကအားပေးမြှင့် တင်ရန်နှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဂျာမာန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(GIZ)၏ ကူညီမှုနှင့်အတူ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှှုမြှင့်တင်ရေးဆိုင်ရာစီမံကိန်းအရ ပြုလုပ်သော ယင်းဖိုရမ်ကိုတက်ရောက်ရန် နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပစီးပွားရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအပြင် ဒေသထွက်အစားအသောက်ကုန်စည်များကိုပါ ထည့်သွင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအဖြစ် စွမ်းအင်ကဏ္ဍသည် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍ၊ သတ္ထုတွင်းထွက်ကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများ ဝင်ရောက်ထားသည်။ ရှမ်းပြည်နယ်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှှုမြှင့်တင်ရေး ၁၀ နှစ်စီမံကိန်းကို ၂၀၂၀ မှ ၂၀၃၀ အထိ သတ်မှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံအဆောက်အအုံလိုအပ်ချက်ကို ဖြည့်တင်းရန် ၊ ပြည်နယ်ဈေးကွက်နှင့်လုပ်သားအင်အား ပိုမိုတိုးပွားလာရန် ၊ ဒေသခံစီးပွားရေးလုပ်ငန်းများနှင့် စက်မှှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အပါအဝင် ရင်းနှီးမြှုပ်နှံမှှုနှင့်စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ကူညီပေးသော စနစ်နှင့် ဝန်ဆောင်မှှုတိုးတက်ရန်အတွက် စီမံကိန်းကိုရေးဆွဲထားသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img