Vol 7 Issue 43
By Zin Thu Tun /Myanmar Business Today
Myanmar Microfinance Association (MFA), with support from the Ministry of Planning and Finance, will organize the first microfinance forum at Park Royal, Naypyidaw, on November 5.
More than 200 people are expected to attend the inaugural forum. The attendees will include officials from the Ministry of Planning and Finance and the Financial Regulatory Department. The officials are expected to attend the inaugural forum as well as representatives from Microfinance Institutions (MFIs) operating in Myanmar, SMEs and entrepreneurship promotion agencies, technology companies, and development partners.
The forum will be an annual gathering of Myanmar’s microfinance stakeholders who will meet to discuss the successes of the local microfinance sector as well as industry regulations and sector developments. Strategies will also be shared to examine ways for MFIs to help build a stronger microfinance sector while fulfilling their social missions.
“Microfinance is a key contributor to expand the rate of financial inclusion in Myanmar. Borrowers mainly use funds to start or expand their businesses. Collectively, we need to work together to overcome challenges in the microfinance sector so that more people who live below the poverty line are supported in the years to come,” said U Min Aung, President of MFA.
The event is supported by Livelihoods and Food Security Fund (LIFT), USAID and ADA.
At present, there are 189 local and foreign microfinance services providing loans to 5.6 million people. Following the forum, the third general forum of MFA will be held on November 6.
အသေးစားငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ပထမဆုံးအကြိမ်ဖိုရမ်ကို နိုဝင်ဘာ(၅)ရက်တွင် နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။
ယင်းဖိုရမ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် လိုက်နာဆောင်ရွက်သင့်သော နည်းဗျူဟာများ ဆန်းစစ်လေ့လာနိုင်ရန် အသေးစားအလတ်စားလုပ်ငန်းရှင်များ ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ နည်းပညာကုမ္ပဏီများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်လုပ်ငန်းများမှ ကိုယ်စားလှယ်ပေါင်း(၂၀၀)ကျော် တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။
“ လက်ရှိအသေးစားငွေရေးကြေးရေးကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုအားလုံးအတူတကွ ပူးပေါင်းဖြေရှင်းထားဖို့ လိုပါတယ်။ ဒါမှလာမယ့်နှစ်တွေအတွင်း ဆင်းရဲမွဲတွေမှုမျဉ်းအောက်မှာ ကျရောက်နေတဲ့ ပြည်သူတွေကို ပိုပြီးထောက်ပံ့ကူညီပေးနိုင်မှာ ဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအသင်း ဥက္ကဌဦးမင်းအောင်က ပြောသည်။
အဆိုပါဖိုရမ်၌ အောင်မြင်မှုရရှိခဲ့သော အသေးစားငွေရေးကြေးရေးလုပ်ငန်းဝန်ဆောင်မှုပုံစံများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ငွေရေးကြေးရေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးမှု အစရှိသောခေါင်းစဉ်များ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
အသေးစားငွေရေးကြေးရေးလုပ်ငန်းဖိုရမ်ကျင်းပနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းနှင့် စားနပ် ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့(LIFT)၊ အမေရိကန်နိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID) နှင့် နိုင်ငံတကာအသေးစားငွေရေးကြေးရေးကဏ္ဍပံ့ပိုးကူညီရေးအဖွဲ့(ADA)တို့မှ ပံ့ပိုးကူညီသည်။
လက်ရှိ အသေးစားငွေရေးကြေးရေးကဏ္ဍတွင် ပြည်တွင်း ၊ ပြည်ပမှ လိုင်စင်ရအသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းပေါင်း (၁၈၉)ဖွဲ့ရှိပြီး ဝန်ဆောင်မှုရယူထားသူဦးရေ(၅ဒသမ၆)သန်းနီးပါးရှိသည်။ အဆိုပါဖိုရမ်ကျင်းပပြီးနောက် တတိယအကြိမ်မြောက် မြန်မာနိုင်ငံအသေးစားငွေကြေးလုပ်ငန်းအသင်း အထွေထွေညီလာခံကို နိုဝင်ဘာ(၆)ရက်၌ ထပ်မံကျင်းပသွားမည်ဖြစ်သည်။