Myo Sandar/Myanmar Business Today
Local and foreign microfinance institutions have provided a total of K172 billion in loans to 5.6 million people, representing 1.59 percent of GDP, according to Deputy Minister of Commerce U Maung Maung Win.
“Those loans go directly to low-income people, because people with high income can get loans from banks. The microfinance institutions provide up to K1 million” per person, said the minister.
Starting October 1, microfinance institutions lowered their maximum lending rate to 28 percent from 30 percent. Since then, their investments have increased by 150 percent, according to U Myo Nyunt, Vice President of Myanmar Microfinance Association (MMFA).
The Microfinance Business Supervisory Committee on June 5 reset the ceiling on loan interest rates to 2.3 percent per month and 28 percent per annum and lowered the minimum rate on compulsory savings to 1.20 percent per month and 14 percent per annum. The new rates came into effect at the end of the 2019 fiscal year.
ငွေကြေးဝန်ဆောင်မှုအသုံးပြုသူ ၅ ဒသမ ၆ သန်းကို ကျပ် ၁၇၂ ဘီလီယံအထိ ထုတ်ချေးထား
မြန်မာနိုင်ငံရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ငွေကြေးဝန်ဆောင်မှုအသုံးပြုသူများကို ကျပ် ၁၇၂ ဘီလီယံအထိ ထုတ်ချေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် တစ်ဦးလျှင် ကျပ် သိန်း (၁၀၀) နှုန်းဖြင့် ကျပ် ၁၇၂ ဘီလီယံအထိ ထုတ်ချေးထားကြောင်း သိရသည်။
ထို့ပြင် အသေးစားငွေရေးကြေးရေးကဏ္ဍတိုးတက်ကြီးထွားလာပြီး အဆိုပါ ကဏ္ဍ၏ ချေးငွေမှာ နိုင်ငံ GDP ၏ ၁ ဒသမ ၅၉ ရာခိုင်နှုန်းရှိပြီး ချေးငွေရယူထားသူများ၏ ၉ ဒသမ ၆၃ ရာခိုင်နှုန်းမှာ အရွယ်ရောက်ပြီးသူများဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်း ၊ ပြည်ပ အသေးစားငွေရေးကြေးရေးအဖွဲ့ပေါင်း (၁၈၉) ဖွဲ့မှ ဝန်ဆောင်မှုပေးလျက်ရှိပြီး ငွေကြေးဝန်ဆောင်မှုရယူထားသူ ၅ ဒသမ ၆ သန်းအထိ ရှိကြောင်း သိရသည်။
“ ဒီငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေက အဓိကဝင်ငွေနည်းတဲ့ပြည်သူလူထုဆီသွားကြတာပါ။ ဝင်ငွေမြင့်မားတဲ့လူတန်းစားတို့က ဘဏ်ချေးငွေကို ရယူနိုင်တယ်။ တစ်ဦးချင်းဆိုရင် အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိ ထုတ်ချေးပေးပါတယ်” ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းမှ ဆိုသည်။
အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံအနှံ့မှ မိသားစုဦးရေ လေးသန်းကျော်ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများအတွက် ငွေထုတ်ချေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ဆောင်မှုအသုံးပြုသူများထံမှ ကောက်ခံသည့် အတိုးနှုန်းထားကို ၃၀ ရာခိုင်နှုန်းကောက်ခံရာမှ ၂၈ ရာခိုင်နှုန်းသို့ လျော့ချ သတ်မှတ်လိုက်သည်။
ထိုသို့ လျော့ချသတ်မှတ်ပြီးနောက်တွင် အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၅၀ နှုန်းအထိ တိုးတက်လာကြောင်း မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းကူမှုအသင်း (MMFA ) ဒုဥက္ကဌ (၂) ဦးမျိုးညွန့်က ပြောသည် ။
အသေးစားချေးငွေလုပ်ငန်းများသည့် ကျပ် ၁၀၀ လျှင် အတိုးနှုန်း ၂ ကျပ် ၃၀ ပြားနှင့် တစ်နှစ်အတိုးနှုန်း ၂၈ ရာခိုင်နှုန်း၊မဖြစ်မနေစုနေဆာင်းငွေအတွက် ကျပ် ၁၀၀ လျှင် တစ်လ ၁ ကျပ် ၂၀ ပြားနှင့် တစ်နှစ်အတိုးနှုန်း ၁၄ ရာခိုင်နှုန်းထက်မနည်းဘဲ ပေးဆောင်ရန် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုုကော်မတီမှ ဇွန် ၅ ရက်တွင် ထုတ်ပြန်လိုက်ပြီး ယင်းသတ်မှတ်ချက်သည့် ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးသည့်အချိန်မှ စတင်အသုံးဝင်မည်ဖြစ်သည်။