HomeBusinessအသေးစားချေးငွေ ကုမ္ပဏီများအနေဖြင့် ချေးငွေနှင့် အတိုးများကို အတင်းအကျပ် မကောက်ခံရန် အစိုးရညွှန်ကြား

အသေးစားချေးငွေ ကုမ္ပဏီများအနေဖြင့် ချေးငွေနှင့် အတိုးများကို အတင်းအကျပ် မကောက်ခံရန် အစိုးရညွှန်ကြား

အသေးစားချေးငွေ ကုမ္ပဏီများအနေဖြင့် ချေးငွေရယူထားသူများထံမှ ချေးငွေနှင့် အတိုးများကို အတင်းအကျပ် ကောက်ခံခြင်းမပြုလုပ်ရန် အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

ကိုရိုနာ ဗိုင်းရပ်ကြောင့် ချေးငွေရယူထားသူများမှ အသက်မွေး၀မ်းကြောင်းလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများရှိနိုင်သည့်အတွက် အသေးစားချေးငွေလုပ်ငန်းများအနေဖြင့် ချေးငွေထုတ်ချေးခြင်း၊ ပြန်လည်ကောက်ခံခြင်း၊ စုဆောင်းငွေ လက်ခံခြင်းတို့ကို ဧပြီလကုန်အထိ ရပ်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ၀န်ထမ်းများကို လစာလျှော့ချခြင်း၊ လစာမဲ့ အလုပ်ရပ်နားမှုများ ရှိနေသည့်အတွက် ချေးငွေရယူထားသူများအနေ ငွေပြန်လည်ပေးသွင်းရန်နှင့် အတိုးနှုန်းများကို ဖြေလျှော့ပေးရန် လိုလားလျက်ရှိသည်။

ထို့ကြောင့် ဧပြီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံ အသေးစားချေးငွေလုပ်ငန်းအသင်းမှ မန္တလေးတိုင်းရှိ အသေးစားချေးငွေလုပ်ငန်းများအနေဖြင့် ဧပြီလအတွင်း ပြန်ဆပ်ချေးငွေကို ဆိုင်းငံ့ပေးရန်အတွက် ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အသေးစားချေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၁၀၀ကျော်ရှိပြီး ယင်းကုမ္ပဏီများမှ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၅၂ခုတွင် လုပ်ငန်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။


English Summary

Govt orders microfinance companies not to forcefully collect interest and payments
The Microfinance Business Supervisory Committee has issued an order for microfinance companies in Myanmar not to forcefully collect interest and payment from borrowers at this time of crisis.
The Microfinance companies have to stop granting loans, collecting payments, and accepting savings until the end of April as borrowers’ careers and businesses are suffering impact from the COVID-19 outbreak.
At present, some of the local companies have to stop operating amid the outbreak and borrowers want microfinance companies to relax or postpone due payments.
There are over 100 microfinance companies in Myanmar operating in 252 townships across the country.

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img