Home Business Microsoft expands “Highway to a 100 Unicorns” initiative to support startups in...

Microsoft expands “Highway to a 100 Unicorns” initiative to support startups in Myanmar

Microsoft for Startups launches the Highway to a 100 Unicorns initiative in the Asia Pacific to strengthen the region’s startup ecosystem. This follows the initiative’s success in India, where only 56 startups were selected to the Emerge X program from six states, which have over 15000+ startups. The Emerge X winners have greatly benefited with global market access support, a 3-day founder Bootcamp with world-class mentors, access to funding, ongoing mentorship, and guidance on Azure, artificial intelligence, machine learning, and more.

Innovation is critical to unlocking inclusive economic growth in the Asia Pacific; high-income economies in the region invest three times more in research and development as compared to their peers. To spur innovative entrepreneurship, Microsoft will work closely with governments and industry partners to discover and nurture technology startups with a high potential to become truly global enterprises in the future.

“At Microsoft, we are working to build up a more supportive ecosystem for startups in Myanmar,” said Soe Thu Aung, Country Manager, Microsoft Myanmar. “Emerging markets like Myanmar happen to be among the fastest-growing economies in the world which is why startups will play a vital role as innovators, disruptors and first-movers. Through Highway to a 100 Unicorns, we will enable startups in Myanmar to drive digital innovation in the region.”

Innovators and entrepreneurs from a total of 16 countries (Bangladesh, Bhutan, Brunei, Cambodia, Indonesia, Laos, Malaysia, Maldives, Myanmar, Nepal, New Zealand, Philippines, Sri Lanka, Singapore, Thailand, Vietnam) are invited to be a part of the Highway to a 100 Unicorns initiative.

To be considered, startups will first have to submit an application for Emerge X competitions in their countries. Criteria for startups to apply for Emerge X are Business-to-Business companies with the product-market fit, revenue-generating with at least 3-4 clients; Business-to-Customer companies with a large customer base (upward of 100K customers) and are revenue-generating, and Funding is a plus.

All Emerge X startups will be awarded free GitHub and Azure credits and focused business and technology workshops. Three finalists per country will be announced in November. They will additionally benefit from a year-long mentorship with technical and business deep dives, a Founder Bootcamp over 3 days, access to enterprise clients globally through Microsoft’s unique co-sell program as well as opportunities to interact with Microsoft experts and industry stalwarts.


 

အာရှပစိဖိတ်ဒေသရှိ နိုင်ငံများ၏ စွန့်ဦးတီထွင် လုပ်ငန်းသစ်များကို ပိုမိုခိုင်မာလာစေရန် Microsoft for Startups မှ Highway to a 100 Unicorns စီမံကိန်းကို စတင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် အိန္ဒိယနိုင်ငံတွင် အောင်မြင်မှုရရှိလာခဲ့ပြီး Emerge X အစီအစဉ်အတွက် စီးပွားရေး စတင်လုပ်ကိုင်နေသည့်လုပ်ငန်း (၁၅၀၀၀) ကျော်ရှိသည့် ပြည်နယ် (၆) ခုမှ  လုပ်ငန်း (၅၆) ခုသာရွေးချယ်ခံခဲ့ရသည်။ The Emerge X အစီအစဉ်မှ အနိုင်ရရှိသွားသူများသည် နိုင်ငံတကာ ဈေးကွက် ရှာဖွေရေး အခွင့်အလမ်း၊ ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပြများနှင့် (၃) ရက်တာ တွေ့ဆုံခွင့် founder bootcamp နှင့် ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ Azure တွင် လမ်းညွှန်ချက်တို့ အပါအဝင် ဆောင်ရွက်နေဆဲ Mentorship (လမ်းညွှန်မှုပေးခြင်း) တွင် ပါဝင်ခွင့်၊ လူလုပ်အသိဉာဏ် AI ၊ စက်မှအလိုအလျောက် သင်ယူသော ML တို့ အခြားသော အကြောင်းအရာများကို လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။

အာရှပိစိဖိတ် ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုသည် အဓိက သော့ချက်ပင် ဖြစ်သည်။ ဝင်ငွေများပြားသည့် ဒေသတွင်း စီးပွားရေး လုပ်ငန်းများသည် အဓိကအားဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးဆ ပိုမို ရင်းနှီးမြှုပ်နှံသင့်သည်။ ဆန်းသစ်သော စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများကို ပိုမို ကူညီနိုင်ရန်အတွက် Microsoft သည် အစိုးရများ၊ လုပ်ငန်း မိတ်ဖက်များနှင့် ပူးပေါင်း၍ အနာဂတ်တွင် စစ်မှန်သော global enterprises (ကမ္ဘာ့ စီးပွားရေး လုပ်ငန်းစုကြီးများ) ဖြစ်လာနိုင်သည့် အလားအလာကောင်းသော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းများကို ရှာဖွေ မြေတောင်မြှောက်ပေးသွားမည်ဖြစ်သည်။

Microsoft Myanmar ၏ ဒေသဆိုင်ရာတာဝန်ခံဖြစ်သူ ကိုစိုးသူအောင်က “မြန်မာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေအတွက် ပိုအဆင်ပြေနိုင်မယ့် ဂေဟစနစ်တစ်ခုကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ ကြိုးပမ်း နေပါတယ်။ မြန်မာနိုင်ငံလိုမျိုး Microsoft မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးစတင်လုပ်ကိုင်နေသူတွေအတွက် ပိုမိုအဆင်ပြေစေမယ့် လမ်းစဉ်တစ်ခုကို ကျွန်တော်တို့တည်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲ ဈေးကွက်သစ်တွေဟာ ကမ္ဘာမှာလည်း ဖွံ့ဖြိုးမှု အမြန်ဆုံး စီးပွားရေးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေး စလုပ်မယ့်သူတွေက ဆန်းသစ်တီထွင်နိုင်သူတွေ၊ အရှိန်အဟုန်နဲ့ လုပ်တတ်သူတွေ၊ စွန့်ဦးတီထွင်သူတွေအဖြစ် အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာပေါ့။ Highway to a 100 Unicorns ကနေတစ်ဆင့် မြန်မာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းတွေအနေနဲ့ ဒေသတွင်းမှာ ဒစ်ဂျစ်တယ်လ် ဆန်းသစ် တီထွင်မှုတွေ ဆက်ပြီးလုပ်ကိုင်နိုင်ဖို့ ခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

Highway to a 100 Unicorns စီမံကိန်းတွင် ပါဝင်ရန် ဘင်္ဂလားဒေ့်ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မောဒီ၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ သီရီလင်္ကာ၊ စကာၤပူ၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် (၁၆) နိုင်ငံတို့မှ ဆန်းသစ်တီထွင်သူများနှင့် စွန့်ဦးတီထွင်သူများကို ဖိတ်ခေါ်မည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ Emerge X ပြိုင်ပွဲများတွင် ပါဝင်ရန် စာရင်းပေးသွင်းရမည် ဖြစ်သည်။ Emerge X ကိုပါဝင်ရန် လိုအပ်သည့် သတ်မှတ်ချက်များမှာ အနည်းဆုံး client  ၃ – ၄ ဦးမှ ရရှိသော အမြတ်ငွေဖြင့် လည်ပတ်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာဈေးကွက်နှင့်  ကိုက်ညီသည့် B2B ကုမ္ပဏီများ (Business-to-Business)၊ ပျမ်းမျှသုံးစွဲသူ ၁၀၀,၀၀၀ ကျော်အထက်ရှိသော B2C ကုမ္ပဏီများ (Business-to-Customer) နှင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှုရရှိထားသူများကို အားသာချက်တစ်ချက်အနေဖြင့် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

Emerge X တွင် ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးသည် လုပ်ငန်းပိုင်းဆိုင်ရာ နှင့် နည်းပညာ အလုပ်ရုံဆွေးနွေးပွဲများ သာမက GitHub နှင့် Azure တို့အား အခမဲ့အသုံးပြုခွင့်တို့ကို ရရှိသွားမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံစီမှ ဆန်ကာတင် (၃) ဦးစီကို လာမည့် နိုဝင်ဘာလအတွင်း ကြေညာပေးသွားမည်ဖြစ်သည်။ ၎င်းဆန်ကာတင် (၃)ဦးသည် Founder Bootcamp (၃)ရက်ကျော် တက်ရောက်ခွင့်၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆွေးနွေးသင်ကြားပေးမည့် တစ်နှစ်တာ mentorship အစီအစဉ်၊ Microsoft ၏ တစ်မူထူးခြားသော co-sell program မှတစ်ဆင့် စီးပွားရေး မိတ်ဖက်များ ရှာဖွေနိုင်ခြင်းတို့အပြင် Microsoft ကျွမ်းကျင်သူများနှင့် နယ်ပယ် တစ်ခုတည်းတွင် အခိုင်အမာ အခြေကျပြီးသော ပညာရှင်များနှင့် တွေ့ဆုံနိုင်ခွင့် စသည့် အခွင့်အရေးများကိုပါ ထပ်ဆောင်းရရှိမည်ဖြစ်သည်။

GrowthEnabler ဝက်ဘ်ဆိုက်တွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

- Advertisment -

Must Read

Tourist ngapali beach rakhine

Myanmar’s dream to receive 5 million tourists blown away by COVID-19 

U Ohn Maung, Union Minister of the Ministry of Hotels and Tourism, said that Myanmar’s dream of receiving five million tourists in 2020 was...