Tin Mg Oo/Myanmar Business Today
The Ministry of Natural Resources and Environmental Conservation has put on hold the application of Thai-owned company Myanmar Pongpipat to renew its license to operate Heinda Tin Mine in Tanintharyi Region, citing the company’s failure to prevent environmental damages. The Ministry will be closely monitoring Myanmar Pongpipat’s environmental efforts before deciding whether to extend its license.
“We have not approved application for a third five-year license extension by Myanmar Pongpipat, as the company only focuses on mining and neglects environmental impact. We will continue the process in accordance with remarks from related government agencies. We are inspecting progress at Heinda Tin Mine. But we do not have any immediate plan to invite Expressions of Interest from interested investors,” said Dr. Ye Myint Swe, Deputy Minister of Natural Resources and Environmental Conservation, at the Amyotha Hluttaw, the upper house of parliament, on November 7.
Myanmar Pongpipat was granted a 10-year license to operate a large-scale mining project at Heinda from 1999-2009. The license has been extended twice, for 2009-2014 and 2014-2019. The mining operations cover 2,110 acres of land, and from 1999 to 2019, the company has extracted 8,575.0878 metric tons of tin ore, according to the minister.
Anglo-Burma Tin first conducted tin reserve exploration in 1935. From 1928 to 1998, the mine produced 17,541.1634 metric tons of tin ore.
Channel News Asia reported on April 5 that Thailand’s National Human Rights Commission (NHRC) had opened an official enquiry into alleged human rights violations at the Heinda mine. A delegation led by NHRC commissioner Tuenjai Deetes visited the area in early 2017 to gather information about the mine.
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဟိန္ဒားသတ္တုတွင်း၌ သတ္တုတူးဖေါ်ခွင့်ရရှိထားသော မြန်မာ ပွန်ပီပက် ကုမ္ပဏီကိုသဘာဝပတ်ဝန်းကျင်ကို အ လေးထား ဆောင်ရွက်ခြင်းမရှိသည့်အတွက် သက်တမ်းတိုးခွင့်မပြုသေးဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ချက်ကို ကျေနပ်လက်ခံနိုင်သည်အထိ စောင့်ကြည့် စိစစ်ကြပ်မတ်လျက်ရှိကြောင်း သိရသည်။
“ မြန်မာ ပွန်ပီပက် ကုမ္ပဏီ၏ တတိယအကြိမ် သက်တမ်းတိုး ၅ နှစ်တင်ပြခြင်းအပေါ် မှာဆိုရင် ကုမ္ပဏီ အနေနဲ့ သတ္တုထွက်ရှိရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ခြင်း မရှိတာကြောင့် သက်တမ်းတိုးမြင့်ခြင်း မပြုသေးပဲနဲ့ ဆက်စပ်ဌာန အသီးသီးရဲ့ သဘောထားမှတ်ချက်တွေအပေါ်မှာ စိစစ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဟိန္ဒားသတ္တုတွင်း ရဲ့ သတ္တုဖြစ်ထွန်းမှု လက်ကျန်ကို စိစစ်ဆောင်ရွက်လျှက်ရှိနေပြီး ဟိန္ဒားသတ္တုတွင်း ကိုစိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေကိုတော့ (EOI) Expression of Interest အသစ် ထပ်မံခေါ်ယူဖို့တော့ မရှိသေးပါဘူး” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်အစည်းဝေးတွင် ပြောသည်။
မြန်မာ ပွန်ပီပက် ကုမ္ပဏီလီမိတက်သည် ဟိန္ဒား သတ္တုတွင်းရှိ ခဲမဖြူအကြီးစား ထုတ်လုပ်မှုလုပ်ငန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မူလ သက်တမ်း ၁၀ နှစ် ၊ ၂၀၀၉ မှ ၂၀၁၄ အထိ ကို ပတမ အကြိမ် သက်တမ်းတိုး (၅) နှစ် ၊ ၂၀၁၄ မှ ၂၀၁၉ အထိကို ဒုတိယအကြိမ် သက်တမ်းတိုး (၅) နှစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ၂၀၁၉ မှ ၂၀၂၄ အထိ တတိယအကြိမ် သက်တမ်းတိုး (၅) နှစ် ရရှိရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
ကုမ္ပဏီသည် လုပ်ငန်း စတင်သည့် ၁၉၉၉ မှ ၂၀၁၉ အထိ ထုတ်လုပ်ခဲ့သော သတ္တုတန်ချိန် စုစုပေါင်းမှာ မက်ထရစ်တန် ၈၅၇၅ ဒသမ ၀၈၇၈ တန် ရှိကြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ ဟိန္ဒားသတ္တုတွင်း ၌ မြန်မာ ပွန်ပီပက် ကုမ္မဏီလီမိတက်သည် ခဲမဖြူ သတ္တုအကြီးစားတူးဖော်ထုတ်လုပ်ခွင့်ကို ဧက (၂၁၁၀) တွင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ဟိန္ဒား ခဲမဖြူသိုက်၏ စမ်းသပ်တိုင်းတာမူများကို ၁၉၃၄ ခုနှစ်တွင် Anglo – Burma Tin Co,Ltd မှ တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကာ ယင်းသတ္တုတွင်းတွင် ၁၉၂၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ခဲမဖြူထုတ်လုပ်မှုပမာဏမှာ စုစုပေါင်း မက်ထရစ်တန် ၁၇၅၄၁ ဒသမ ၁၆၃၄ တန်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။