HomeBusinessMinister Pledges to Convince Landlords to Postpone the Rents

Minister Pledges to Convince Landlords to Postpone the Rents

U Thein Swe, the Union Minister of the Ministry of Labour, Immigration and Population, has pledged during the meeting with representatives from labor unions and officials from the UMFCCI, that he will convince the landlords to postpone the monthly payments for apartments or lodging houses.

“The Yangon Regional government will work with township level/ quarter level general administration to convince the landlords to postpone the due payments for the apartments or lodging house,” the union minister said. 

Myanmar has issued a stay-at-home order requiring all the workers not to go to work leading them to the difficult situation of paying the rents or being evicted.

“We empathize with employees and employers who are struggling with the difficulties caused by the COVID-19. Therefore, we will try to help in a timely manner,” he added.

 

The government has provided 40 percent of the salary of 800,260 workers from 6429 businesses, who have paid social security fees, totaling K19.64 billion as part of the government assistance program. It is working to provide cash assistance to the remaining workforce. 


ကိုဗစ်ကာလတွင် အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင် ရှင်များအနေဖြင့် အဆောင်ငှားခ၊ အိမ်ငှားခကို စောင့်ဆိုင်းပေးရေး မေတ္တာရပ်ခံရန် အတွက် ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောကြားသည်။

အောက်တိုဘာလ ၈ရက်နေ့က ပြုလုပ်သော အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့ခြင်း ဖြစ်သည်။

“အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင်ရှင်များအနေဖြင့် အဆောင်ငှားခ၊ အိမ်ငှားခကို စောင့်ဆိုင်းပေးရေး မေတ္တာ ရပ်ခံရန်အတွက်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးများနှင့် ပူးပေါင်း ဆောင် ရွက် သွားမည်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ 

ကိုဗစ်ကပ်ရောဂါကြောင့် စက်ရုံအလုပ်ရုံများကို ခေတ္တပိတ်သိမ်းပြီး အလုပ်သမားများအား အိမ်၌သာနေထိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အမိန့်များထုတ်ပြန်ကာ လမ်းညွှန်မှုများ ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်မှုကြောင့် စက်ရုံအလုပ်သမားများအနေဖြင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရပြီး အဆောင်များ၊ ငှါးရမ်းနေထိုင်သော နေအိမ်များမှ နှင်ချခံရသည့် ဖြစ်ရပ်များလည်း ရှိလာခဲ့ကြောင်း သိရသည်။ 

“အလုပ်သမားများ၊ အလုပ်ရှင်များ ရင်ဆိုင်ခံစား နေရသော အခက်အခဲပြဿနာများကို ကိုယ်ချင်းစာပါတယ်။ လိုအပ်ချက်များအတွက် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းတွင် အစိုးရက ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလုပ်ဌာနတို့ကို ခေတ္တပိတ်ခိုင်းခဲ့ရာ ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အနေဖြင့် ၄၀ ရာခိုင်နှုန်း ၊ခွင့်ပြုအလုပ်ဌာနပေါင်း (၆၄၂၉) ဌာန၊အာမခံအလုပ်သမား (၈၀၀၂၆၀) အတွက် ခွင့်ပြုထုတ်ပေးငွေကျပ်သန်းပေါင်း (၁၉,၆၄၀ ဒသမ ၆၃၆)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် အလုပ်ဌာနများကိုလည်း အချက်အလက်များ စိစစ်ပြီး ဆက်လက် ခွင့်ပြုထုတ်ပေးနေကြောင်း ယခုကိုဗစ်-၁၉ ကပ်ရောဂါ ထပ်မံဖြစ်ပွား ခဲ့သည့် ဒုတိယလှိုင်းတွင်လည်း Stay at Home အစီအစဉ်ဖြင့် အကျုံးဝင်သည့် အလုပ်ဌာနများရှိ အာမခံအလုပ်ဌာနများရှိ အာမခံအလုပ်သမား များ အတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ကို ထောက်ပံ့ပေးရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img