Home Business Local Minister Urges to Transform Ministry of Hotels and Tourism as Servicing Ministry

Minister Urges to Transform Ministry of Hotels and Tourism as Servicing Ministry

U Ohn Maung, Union Minister of the Ministry of Hotels and Tourism, urged the civil servants serving in his ministry to transform it into a servicing ministry. He made that statement during the online meeting with the staff in the ministry held in the third week of November.

The ministry with assistance from the experts has now developed a service manual and will deliver it to each of the employees under the Ministry of Hotels and Tourism. The minister urged the employees to study and learn the manual so that they can fully provide service.

“We need to resume the business in a way that fully protects against the COVID-19 for the sake of our people’s livelihoods since there are preventive measures restricting people’s lives to control the spread of the COVID-19. We have also developed Enchanting Myanmar Health & Safety Protocols for Safe Tourism Myanmar,” the Union Minister said.

Moreover, the Ministry will also organize training programs for the staff to enhance the services provided by them and has also developed approved Myanmar Tourism Strategic Rescue Roadmap (MTSRR) with the help of international experts.

“We will provide training for the tourism industry so that tourism businesses can resume complying with the protocol and issue certificates to the trainers and inspectors,” he added.

Written by Ko Myo


ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနကို ဝန်ဆောင်မှုပေးသည့် ဝန်ကြီးဌာနအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

နိုဝင်ဘာလ တတိယပတ်က Video Conferencing ဖြင့်ပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနဝန်ထမ်းထု တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခုအခါ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ဝန်ထမ်းဝန်ဆောင်မှုလက်စွဲ service manual ကိုပြုစုပြီး ဝန်ထမ်းအားလုံးကို ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်းနှင့် ကျေညက်အောင် လေ့လာထားရန်နှင့် လက်စွဲစာအုပ်အတိုင်း ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီးကပြောသည်။

“COVID ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ပြည်သူတွေရဲ့ လူမှုစီးပွားရေး ဘဝကို အတိုင်း အတာတခုအထိ ကန့်သတ်မှုတွေ ပြုလုပ်ထားလို့ ရေရှည်မှာ စားဝတ်နေရေး အတွက် COVID ရောဂါကူးစက်မှုကို ထိန်းချုပ် ကာကွယ်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဝန်ကြီးဌာနက Enchanting Myanmar Health & Safety Protocols for Safe Tourism Myanmar ကို ရေးဆွဲပြုစုပြီးဖြစ်တယ်”ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ထို့အပြင် ဝန်ဆောင်မှုတိုးတက်စေရန် ကျွမ်းကျင် သူများဖြင့် သင်တန်းများ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ COVID ကပ်ရောဂါကြောင့် ထိခိုက် ခဲ့ရသော ခရီးသွားလုပ်ငန်းပြန်လည် ရှင်သန်စေ ရန် Myanmar Tourism Strategic Rescue Roadmap MTSRR ကိုနိုင်ငံတကာ ကျွမ်းကျင် သူများနှင့် အမျိုးသား အဆင့်ရေးဆွဲ အတည် ပြုပြီးဖြစ်ကြောင်း ဝန်ကြီးကဆက်ပြောသည်။

“လုပ်ငန်းတွေ ဒီ Protocol နဲ့ အညီ လိုက်နာပြီး ပြန်လည် စတင်နိုင်ဖို့ industry ကို သင်တန်း တွေ ပေးသွားရမှာ ဖြစ်တယ်။ သင်တန်းဆရာ တွေ လိုက်နာမှု စစ်ဆေးမဲ့ inspector တွေကိုလဲ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးဖို့ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

- Advertisment -

Must Read

Local gold price drops reflecting global gold price

Gold price in domestic price, reflecting global gold price and dollar rate, lowered after a sudden increase in price following the coup, according to...