HomeBusinessMinistry Allows Jewelry and Artworks Export with L/C

Ministry Allows Jewelry and Artworks Export with L/C

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
The Ministry of Commerce has announced that it will allow the export of gold, jewelry, and artworks and handicrafts made of gold with a Letter of Credit (L/C).

This is because Myanmar is in the grey list of Financial Action Task Force (FATF) requiring to regulate the export/ import of old, jewelry, and artworks and handicrafts made of gold in order to prevent illicit financial flow through such exports and imports.

Moreover, the conference of the Asia/Pacific Group on Money Laundering held in Beijing, China, this year set 14 recommendations for Myanmar to take measures to combat money laundering and counter-terrorist financing.

Myanmar just delisted from the blacklist of FATF with 200 member states in 2016.

Japan and South Korea mainly purchased Myanmar’s gold and jewelry and other buyers are foreigners visiting the country.

Myanmar officially allows its first gold export/ import in January 2018.

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung


ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/ တင်သွင်းခွင့် Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့်သတ်မှတ်ချက်တွင် Grey List တွင် ပါဝင်နေကာ ရွှေ၊ လက်ဝတ်ရတနာ များ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/ တင်သွင်း ခြင်းကိုအကြောင်းပြု၍ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ငွေကြေးများ ဝင်ရောက်နိုင်ခြင်း မရှိစေရေး သေချာစွာစိစစ်ဆောင်ရွက်ရန်လိုအပ်သဖြင့် ထိုကဲ့ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

Financial Action Task Force (FATF)သည်နိုင်ငံ ပေါင်း ၂၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသော ပြင်သစ်အခြေစိုက် ငွေကြေး ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ဖြစ်ကာမြန်မာနိုင်ငံသည်(Financial Action Task Force – FATF) ၏ ငွေမည်းခဝါချမှု စာရင်း (Black List) မှ ၂၀၁၆ တွင် လွတ်မြောက် ခဲ့သည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ပြုလုပ် ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အာရှ–ပစိဖိတ် ပူးတွဲလုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်း အဝေးတွင် မြန်မာနိုင်ငံအနေဖြင့် အချက် ၁၄ ချက် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ရွှေနှင့် လက်ဝတ်ရတနာ အသုံးအဆောင်ပစ္စည်းများကို ဂျပန်နှင့် ကိုရီးယားတို့မှ အဓိကဝယ်ယူပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသည့် အခြား ပြည်ပနိုင်ငံများမှလည်း ဝယ်ယူကြကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ဇန်နဝါရီကစ၍ ပြည်ပ ရွှေတင်ပို့တင်သွင်းခြင်းကို ပထမဆုံးတရားဝင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img