အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
The Ministry of Labour, Immigration, and Population said that it has provided K30 million social security fund assistance to workers whose jobs are temporarily suspended as around 200 factories are halted to examine if they meet the safety requirements to prevent the spread of the COVID-19.
The social security fund has benefited around 2,700 workers, who are invited to apply for social security benefits via online starting from earlier this month.

Workers whose jobs are suspended are entitled to enjoy 40 percent of his or her salary for the days the factories are closed.
COVID 19 ရောဂါ ကာကွယ်နိုင်ရန် စက်ရုံများ သတ်မှတ်စည်းကမ်းများကို လိုက်နာမှု ရှိ၊မရှိ စစ်ဆေးမှုခံယူရန် ပိတ်ထားရသည့် စက်ရုံ ၂၀၀ကျော်မှ အလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ပေးငွေကို ကျပ်သိန်း ၃၀၀ခန့်အထိ ထုတ်ပေးထားကြောင်း အလုပ်သမား၊ လူ၀န်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ သိရသည်။
ယာယီပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအနေဖြင့် အကျိုးခံစားခွင့်ရရှိရန် မေလ ၁၄ရက်နေ့မှ စတင်၍ လူဦးရေ ၂၇၀၀ခန့်အတွက် ကျပ်သိန်း ၃၀၀ခန့်အထိ ထုတ်ပေးထားပြီး အကျိုးခံစားခွင့် လျှောက်ထားခြင်းကို ယခုလဆန်းပိုင်းမှစတင်၍ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။
ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှု ရှိမရှိ စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းကာ ပိတ်ထားသည့် နေ့များအတွက် အလုပ်သမားတစ်ဉီးလျှင် ပိတ်ထားသည့် ရက်အလိုက် လစာ၏ ၄၀%ကို အကျိုးခံစားခွင့်အဖြစ် ပြန်လည် ထုတ်ပေးနေခြင်းဖြစ်သည်။
ထို့ပြင် COVID 19 ရောဂါနှင့် ပတ်သက်၍ Quarantine ၀င်ရောက်နေရသည့် လူမှုဖူလုံရေးအာမခံ အလုပ်သမားများကို ဆေးခွင့်နှင့် Quarantine ၀င်ရသည့် ရက်အလိုက် ထောက်ပံ့မှု အကျိုးခံစားခွင့် ထုတ်ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။ လက်ရှိတွင် Quarantine ၀င်ရန် ဆေးခွင့်လျှောက်ထားသည့် အလုပ်သမား ၇၅၀ကျော်အထိ ရှိကြောင်း သိရသည်။