Ministry of Energy to Issue Village Gas Station Licenses

0
101

 

PHYO THU/MBT

Myo Sandar/Myanmar Business Today

The Ministry of Electricity and Energy is prepared to start granting licenses to operate village gas stations. The move is aimed to boost small and medium enterprises and the agricultural sector and to create jobs and income for local villagers.

Applicants must be residents of the village where they plan to open the gas station and each license holder is allowed to operate one station.

A village gas station is required to have at least 2,000 square feet with 40 feet of front space. The proposed space must be at least 300 feet from the village proper and its perimeter must be fenced using non-flammable materials. Moreover, the station must be at least two miles from larger gas stations opened under licenses from the Ministry and located a safe distance from heritage sites.

If a village gas station has access to electricity, petrol must be dispensed using an electric pump. If the station has no access to electricity, fuel can be dispensed using a hand pump or cups. Battery-powered pumps are not allowed. Petrol must be stored in a ground storage tank, and diesel under or above the ground. Underground storage tanks must be at least five feet from the fence and on-ground tanks at least 10 feet.

A gas station must be able to store at least 1,000 gallons of fuel and the facility must be built in line with the requirements set forth by the Ministry of Electricity and Energy. Repair and expansion of the facility cannot be carried out without prior permission.

ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်လိုင်စင်များ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်လိုင်စင်များလျှောက်ထားသူများသည် ကျေးရွာတွင် အခြေချနေထိုင် သည့် ဒေသခံများဖြစ်ရမည်ဖြစ်ပြီး လျှောက်ထားသူတစ်ဦးလျှင် ဆိုင်တစ်ဆိုင်သာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ကျေးလက်ဒေသတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာကဏ္ဍဖွွံဖြိုး တိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် လူမှှုအဆင့်အတန်းပိုမိုမြင့်မားစေရန်နှင့် ဝင်ငွေတိုးတက် စေရန် ရည်ရွယ်ကာဖွင့်လှစ်ခွင့်ပြုပေးခြင်းဖြစ်ပြီး ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်များ၏ အရောင်းဆိုင်တစ်ဆိုင်၏ မြေအကျယ်အဝန်းမှာ အနည်းဆုံးစတုရန်းပေ ၂၀၀၀ နှင့် မျက်နှာစာအဖွင့်အကျယ် အနည်းဆုံး ပေ ၄၀ ရှိရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဖော်ပြထားသည်။
ယင်းကျေးရွာဆီဆိုင်များသည် ရွာ၏ အစွန်နယ်နမိတ်နှင့် အနည်းဆုံးပေ ၃၀၀ ခန့်ကွာဝေးရမည် ဖြစ်ပြီး အရောင်းဆိုင်နယ်နမိတ်အတွင်းတွင် အလွယ်တကူမီးမလောင်နိုင်သည့်ပစ္စည်းများ အသုံးပြုကာ ခြံစည်းရိုးကာထားရမည်သည်။
လျှပ်စစ်မီးရရှိသည့် ဒေသဖြစ်ပါက လျှပ်စစ်ပန့်ဖြင့် ရောင်းချရမည်ဖြစ်ပြီး လျှပ်စစ်မီးမရရှိပါက လက်ရိုက်ပန့် (သို့) ခွက်ဖြင့် ရောင်းချရမည်ဖြစ်ကာ ဘက်ထရီပန့်များအသုံးပြုခွင့်မရှိကြောင်း သိရသည်
လျှပ်စစ်ပန့်ဖြင့် ဖြန့်ဖြူးရောင်းချပါက ဓါတ်ဆီကိုမြေအောက်သိုလှောင်ကန်ဖြင့်ထားသို့ရမည်ဖြစ်ပြီး ဒီဇယ်အား မြေပေါ်(သို့) မြေအောက်သိုလှောင်ကန်ဖြင့် သိုလှောင်နိုင်ကြောင်း သိရသည် ။
မြေအောက်စက်သုံးဆီသိုလှောင်ကန်များသည် ခြံစည်းရိုးနှင့် အနည်းဆုံးငါးပေကွာရမည်ဖြစ်ပြီး မြေပေါ်စက်သုံးဆီသိုလှောင်ရုံများသည် ခြံစည်းရိုးနှင့် ၁၀ ပေကွာရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဖော်ပြထားသည်။
ထို့ပြင် အရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီပမာဏ အများဆုံး ဂါလန် ၁၀၀၀ အထိ သိုလှောင်နိုင်ပြီး အရောင်းဆိုင်တည်ဆောက်သည့်အခါတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ပုံစံအတိုင်း တည်ဆောက်ရမည် ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ပြောင်းလဲတိုးချဲခွင့်မရှိကြောင်း သိရသည်။
ယင်းပြင် ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်များသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရထားသည့် ဆိုင်ကြီးများနှင့် အနည်းဆုံးနှစ်မိုင်ခန့်ကွာဝေးရမည်ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ကင်းလွတ်သည့်နေရာများတွင်သာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။