Ministry Requests Easing of Travel Restrictions in Kayah

0
50

The Ministry of Hotels and Tourism has requested that the Union cabinet ease travel restrictions in Kayah State in order to attract more local and foreign tourists into the state.
“When implementing socioeconomic development in Kayah State, creating new tourist destinations is one of the efforts. However, we need to make sure that the new destinations are not in restricted areas. Therefore, we have requested the approval from the Union cabinet to ease travel restrictions in some of the places,” Deputy Minister of Hotels and Tourism U Tin Latt told the Pyithu Hluttaw.
Previous governments imposed travel restrictions in the state in light of issues such as security, the rule of law and armed conflicts.
Under the Myanmar Tourism Law 2018, the Ministry of Hotels and Tourism is tasked with creating new destinations and attractions in collaboration with local tourism organizations, and regional tourism committees chaired by the regional or state chief minister have the responsibility to establish new destinations.
The ministry has presented to the Union cabinet its plan to transform Border Post 13 in Kayah State into an international border gate and introduce a week-long tour package. Once the plan receives cabinet approval, tourists can travel to Kayah State from Thailand.
U Tin Latt went on to say that the ministry will build Nat Mountain near Mese City into a tourist destination. In January 2018, authorities removed travel restrictions on Pan Pet Village, Tanilarle Village and some quarters in Bawlakhe, Phasaung and Mese cities.
Kayah State only receives 1.33 percent of total investment into the country and its hotels and tourism sector has the strongest potential for growth.


ကယားပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရေး အတွက် နယ်မြေဒေသ အခြေအနေပေါ်မူ တည်၍ ကန့်သတ်ထားသော နယ်မြေများကို ဖြေလျှော့ပေးနိုင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့တင်ပြထားကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်က ဒုတိယ အကြိမ်ပြည်သူ့ လွှတ်တော်ပုံမှန်အစည်းဝေးတွင် ပြောကြား ခဲ့သည်။
”ကယားပြည်နယ် အစိုးရအဖွဲ့က ကယား ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားလုပ်ဆောင်ရာမှာ ပြည်နယ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်နိုင်မှု အခြေ အနေ ပေါ်မူတည်ပြီး ခရီးစဉ် ဒေသအသစ် များ စဉ်ဆက်မပျက် ဖော်ထုတ်ခြင်းလည်း ပါဝင်ပါတယ်။ ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ရာမှာတော့ ကန့်သတ် နယ်မြေအတွင်း မကျရောက်စေဖို့ လိုအပ် ပါတယ်။ ဒါကြောင့် ကယားပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားတွေ ပိုမိုဝင်ရောက် နိုင်ဖို့ ကန့်သတ်နယ်မြေတွေ ဖြေလျှော့ပေး နိုင်ရေးကို ပြည်ထောင်စုအစိုးရကို တင်ပြ ဆောင်ရွက်လျက်ရှိနေပါတယ်”ဟု ¤င်းက ပြောသည်။
၂ဝ၁၈ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေတွင် ဝန်ကြီးဌာနအနေဖြင့် အများပြည်သူ သွား လာလည်ပတ်နိုင်သော ခရီးစဉ်များ၊ ခရီးစဉ် ဒေသများကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီနှင့်ညှိနှိုင်းသတ်မှတ်ရမည်ဟု ဖော်ပြထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များက ဥက္ကဌ အဖြစ် တာဝန်ယူထားရသည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှလည်း ခရီး စဉ်ဒေသအသစ်များ ဖော်ထုတ်ရမည်ဟု ပါရှိသည်။
ယခင် အစိုးရအဆက်ဆက်တွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခ များတရားဥပဒေစိုးမိုးမှုစသည့် အခြေနေ များပေါ်မူတည်ပြီး ပြည်တွင်းပြည်ပခရီးသွား လည်ပတ်နိုင်မည့် နေရာများကို သတ်မှတ် ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိကယားပြည်နယ်တွင် နယ်စပ် ဝင်ပေါက်ဖြစ်သော ဏြ-၁၃ ကို အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်အဖြစ် (သို့မဟုတ်) ၆ ည အိပ် ၇ ရက် ခရီးစဉ်များ ဖော်ဆောင်နိုင် ရေးကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ထားပြီးဖြစ်သည်။ အဆိုပါနယ်စပ်ဝင် ပေါက်တွင် ခွင့်ပြုချက်ရရှိပါက တစ်ဖက် နယ်စပ်ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် နှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံဘက်မှ ခရီးသွား ဧည့်သည်များ ကယားပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်နိုင်မည်ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဦးတင်လတ်က ပြောသည်။