HomeBusinessMinistry to accept online export/import license application for all items

Ministry to accept online export/import license application for all items

(English text below)

ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ဧပြီ ၁ ရက်မှ စတင်၍ အွန်လိုင်းမှ လျှောက်ထားခွင့်ပြုခဲ့ပြီး လျှောက်လွှာတင်ပြီး မိနစ် (၂၀)အတွင်းတွင် လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်ခြင်းကြောင့် အွန်လိုင်မှ လျှောက်ထားခွင့်ပြုရန် ကျန်ရှိသည့် ကုန်စည်လိုင်းများကိုလည်း မကြာမီခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

ထိုသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားသည့် လုပ်ငန်းရှင်များသည့် လိုင်စင်လျှောက်ထားခြင်းအတွင် ငွေကြေးပေးသွင်းခြင်း ၊ လိုင်စင်ပြန်လည်ထုတ်ယူခြင်းများကို အွန်လိုင်းမှ ဆောင်ရွက် ခဲ့ရသည်။

ယခင်က အွန်လိုင်းမှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို CMP (အထည်ချုပ်) လုပ်ငန်းများကိုသာ ခွင့်ပြုခဲ့သည်။
လက်ရှိတွင် ပြည်သူများလိုအပ်သည့် သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ ဓါတ်မြေသြဇာ၊စားအုန်းဆီနှင့် ဆီထွက်ပစ္စည်း၊ နို့နှင့် နို့ထွက်ပစ္စည်း၊အီထက်ထရောနစ်ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ချောဆီ၊ ဆိုင်ကယ်၊စက်ဘီးများနှင့် ပို့ကုန်ကဏ္ဍတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ခဲသတ္တူ၊သကြား၊ သဘာဝဓါတ်ငွေ့၊ နှင့်အခြားကုန်ပစ္စည်းများကိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခြင်းကို www.myanmartradenet.com.mm မှတဆင့် ပင်လယ်ရေကြောင်း နှင့် နယ်စပ်လိုင်စင်(ရုံးချုပ်) တို့တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ငွေပေးသွင်းခြင်းကို မြန်မာနိုင်ငံသားများဘဏ်၏ MCB ecommerce pay ဖြင့်ပေးချေးနိုင်မည်ဖြစ်ပြီး မကြာမီတွင် MPU စနစ်ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်များ၏ mobile banking နှင့် pay များဖြင့်ပါ ပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။


The Ministry of Commerce started accepting online application for export/import licenses  for certain items and it was proved to be effective as the ministry was able to issue license in 20 minutes after the application. Thus, it will accept online application for the remaining items. 

Before, eligible items for online license applications were CMPs (garment), drugs and pharmaceutical equipment, foods, fertiliser, palm oil and oil products, milk and dairy products, electronics and power supplies, lubricants, motorbikes, bicycles, agricultural products, sugar, gas and so on.

Traders can apply for the license at www.myanmartradenet.com.mm. At the moment, license fees can be paid via MCB eCommerce Pay and will be able to made other online payment platform under Myanmar Payment Union. 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img