Ministry to Kick Start Elevated Expressway Project

0
204

Tin Mg Oo

The Ministry of Construction last week announced a March 31 deadline for the Final Request for Proposal (RFP) for Phase One of the Yangon Elevated Expressway, with the selection process slated to kick off in the first week of April.
The ministry said it will implement this highly anticipated project through Public Private Partnership (PPP) to simultaneously encourage more PPP ventures and promote infrastructure development.
Only companies who have successfully responded to the Request for Qualifications and meet all qualification criteria will be eligible to submit the Final Request for Proposal, released on January 13, 2020. They are also required to submit their technical and financial proposals for the project along.
The technical proposals, including the bidders’ plans for implementing the project, will be evaluated first while the financial proposals remain sealed. Only bidders whose technical proposals pass the requirements set out in the RFP will be invited to attend the opening of the financial proposals. The financial proposals of other bidders will be returned unopened.
The 27.5-km Yangon Elevated Expressway, one of the government’s priority projects, is aimed at mitigating traffic congestions in Yangon while improving public transportation and drawing foreign investment into the infrastructure sector.
The 19-km first phase starts at Dawbon Bridge and runs through East Pazundaung Road, Thanthuma Road, Waizayantar Road and Thanthuma Road, ending at No. 3 Main Road (Khayaban Juncture). The second phase runs for 5.5 km from the Main Road to Danyingon Juncture and for another 2.5 km from Radio Station Road to Yangon International Airport.
The Ministry of Construction hopes to issue a Request for Expression of Interest (REOI) for Phase 2 this year.


Myanmar Summary

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း(၁) အတွက် အဆိုပြုလွှာ စိစစ်ရွေးချယ်ခြင်းကို ဧပြီလအတွင်း ဆောင်ရွက်မည်

 

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁) အတွက် အဆိုပြုလွှာကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး စိစစ်ရွေးချယ်ခြင်းကို ဧပြီလ ပထမပတ်တွင် ဆောင်ရွက်ရန် လျာထားလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရပုဂ္ဂလိက မိတ်ဖက်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခြေခံအဆောက်အုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှှု Public Private Partnership (PPP) ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ရန်ကုန်မိုးပျံအမြန်လမ်း အဆိုပြုလွှာ ခေါ်ယူစာ(Request For Proposal) (RFP) ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ အကြိုအရည်အချင်းစစ် (Request For Qualification) (RFQ) အောင်မြင်ထားသော ကုမ္ပဏီများအနေဖြင့် ၂၀၂၀ မတ်လ ၃၁ ရက်နေ့နောက်ဆုံးထား၍ စီမံကိန်း အဆိုပါပြုလွှာကို တင်သွင်းရမည်ဖြစ်သည်။

စီမံကိန်းအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ဘဏ္ဍရေးဆိုင်ရာအဆိုတင်သွင်းလွှာများ (Technical and Financial Proposal) ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ပြိုင်နက်တည်း အိတ်ပိတ်တင်သွင်းရမည်ဖြစ်သည်။

ကနဦးအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အဆိုပါတင်သွင်းလွှာများကို စစ်ဆေးမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အဆိုတင်သွင်းလွှာများကိုမူ ချိတ်ပိတ်ထားမည်ဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ အဆိုတင်သွင်းလွှာများကို နည်းပညာအဆိုပြုလွှာ သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး အောင်မြင်သူများကိုသာ ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်းအတွက် ဖိတ်ကြားသွားမည်ဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ အဆိုတင်သွင်းလွှာ မအောင်မြင်သူများကို ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူထံ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

အရှည်အားဖြင့် (၂၇ဒသမ၅) ကီလိုမီတာ ခန့်ရှိသော ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁) သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေး စီမံကိန်းတစ်ခုအဖြစ်ပါဝင်ပြီး စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မူများကို လျော့ချနိုင်စေရန်အပြင် ပြည်သူလူထု၏ လူမူစီးပွားဖွံ့ဖြိုးလာစေရန် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်နှင့် အခြေခံအဆောက်အုံ ကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူ ပိုမိုတိုးတက်လာစေရန်ဖြစ်သည်။

ယခုစီမံကိန်းသည် (PPP) အစီစဉ်ဖြင့် ဆောင်ရွက်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ပထမဆုံးစီမံကိန်းဖြစ်ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စံနမူနာ စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်စောင့်ကြည့်နိုင်မည်ဖြစ်သည်။

စီမံကိန်းအပိုင်း(၁)၏ အရှေ့ဘက်ခြမ်းဖြစ်သော မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါပုံတံတားအဆင်းမှစတင်ကာ အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်းတစ်လျှောက် အမှတ်(၃) လမ်းမကြီး (ခရေပင်လမ်းဆုံ)အထိ အရှည် ၁၉ ကီလိုမီတာခန့်၊ အရှေ့အနောက်ခြမ်းအဖြစ် အမှတ်(၃) လမ်းမကြီး (ခရေပင်လမ်းဆုံ)မှ ခရေပင်လမ်းတစ်လျှောက် ဒညင်းကုန်းလမ်းဆုံအထိ အရှည်(၅.၅) ကီလိုမီတာနှင့် ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်းအဖြစ် အသံလွှင့်ရုံလမ်းတစ်လျှောက် အရှည်(၂.၅) ကီလိုမီတာ စုစုပေါင်း လမ်းအရှည် ၂၇.၅ ကီလိုမီတာခန့်နှင့်လမ်းနယ်မှာ (၃၀)မီတာခန့်ဖြစ်ပြီး လမ်း၏အလယ်မျဉ်းမှတစ်ဖက်လျှင်(၁၅) မီတာခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း(၂) အတွက် စိတ်ဝင်စားမှှုအဆိုပြုလွှာ (Request For Expression of Interest REOI) ကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ခေါ်ယူနိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။