HomeBusinessMinistry to Provide Fish Seeds for 15,000 Acres of Fish Ponds

Ministry to Provide Fish Seeds for 15,000 Acres of Fish Ponds

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

The Ministry of Agriculture, Livestock and Irrigation will provide 2,000 fish seeds per acre of the fish breeding pond for a total of 15,000 acres of fish breeding ponds using K 6 billion budget.

The Ministry has provided fish seeds to owners of 112.61 acres of fish-breeding ponds in Taungoo Township as the first batch and will provide fish seeds to 421.69 acres.

Moreover, the government has allocated K60 million for training programs on safety on the seas and the ministry is planning to provide trainings to fishermen and fishing breeding farmers in the most effective ways.

In addition to that, the government, under the COVID-19 Economic Relief Plan (CERP), has planned to use K25 billion for cash for work program in which the government will use K10 million per village building and developing infrastructure in the respective villages. Over 2,488 villages across the country will benefit from the program.

Written by Tay Zar Bhone Myint/ Translated into English by Min Thu Aung


ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးရှိ ငါးမွေးကန် ဧက ၁၅၀၀၀ အတွက် ငွေကျပ် သန်း ၆၀၀၀ တန်ဖိုးရှိ ငါးသားပေါက်များ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။

ပထမဆုံးထောက်ပံ့မှုအဖြစ်တောင်ငူမြို့နယ် ကေတုမတီ ငါးနှင့် ကြက် မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက် အသင်းဝင် ငါးမွေးတောင်သူများအတွက် ငါးမွေးကန် ၁၁၂ ဒသမ ၆၁ ဧက အတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်ငူခရိုင်အတွင်း၌ ငါးမွေးကန် ၄၂၁ ဒသမ ၆၉ ဧက ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ရေလုပ်သားများ ပင်လယ်ပြင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကို ကမ်းရိုးတန်းဒေသရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ငွေကျပ် သန်း ၆၀ ပံ့ပိုးပေးရန် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချက်ရရှိခဲ့ရာ ငါးမွေးတောင်သူများနှင့် ငါးဖမ်း လုပ်သားများအတွက် အကျိုးရှိထိရောက်စေမည့် အစီအမံများဖြင့် ထောက်ပံ့ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး အဆင်ပြေစေရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ ပြည်သူများဝင်ငွေရရှိ စေမည့် အလုပ်အကိုင်ဖန်တီးဖော်ဆောင်ပေးရန်၊ ကျေးရွာ များ၏ အခြေခံအဆောက်အအုံများဖွံ့ဖြိုးရန်နှင့် ကုန်ထုတ် လုပ်မှု တိုးတက်စေရန် တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် Cash for Work စီမံကိန်းကို ငွေကျပ်သန်း၂၅၀၀၀ အသုံးပြုပြီး နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၂၄၈၈ ရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စု ၁၂၀၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img