HomeBusinessMNA to fly special flights to Singapore

MNA to fly special flights to Singapore

Myanmar National Airlines will start flying special flights to Singapore every Thursday starting from December 10.

The airline said that it will not sell the ticket for the flights through its authorized agents. Instead, it will sell the tickets online to the earliest passengers.

The passengers, who want to fly to Singapore, will need to have COVID-19 Negative Test Result, tested 72 hours prior to the flight and those coming to Yangon will need to stay a hotel quarantine. MNA and its partner hotels in talks for hotel quarantine service.

Those coming back from Singapore will need a ‘hotel quarantine reservation confirmation letter’ issued by a hotel recognized by the Ministry of Health and Sports, Myanmar.

Foreign passengers will need a Visa issued by Myanmar Embassy in Singapore, a passport, which must be over six months, and a COVID-19 Negative Test Result, tested 72 hours before the flight.

The sailors will need a recommendation letter applied by an agent or the sailor himself. The airline has announced the detailed requirement on its Facebook Page.

The Yangon-Singapore flight ticket will cost $415 for business class and $265 for economy class while the Singapore-Yangon ticket will cost S$550 for business class and S$350 for economy class.

Myanmar suspended international flights on March 29 this year and domestic flights two months ago.

Written by Ko Myo


မြန်မာအမျိုးသား လေကြောင်းလိုင်း MNAမှ ရန်ကုန် -စင်ကာပူ ခရီးစဉ်ကို ဒီဇင်ဘာလ ၁၀ရက်မှ စတင်ကာ အပတ်စဉ် ကြာသပတေး နေ့တိုင်း ကယ်ဆယ်ရေး အထူးခရီး စဉ်အဖြစ် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း MNA သည် ယခု ကယ်ဆယ်ရေး ခရီးစဉ်များအတွက် Authorized Agent များမှတစ်ဆင့်လက်မှတ် ရောင်းချခြင်းမျိုး မရှိကြောင်း အသိပေးထားပြီး လက်မှတ်ဝယ်ယူရာတွင်လည်း အွန်လိုင်းမှ တဆင့် ဦးရာလူစနစ်ဖြင့်သာ ရောင်းချသွားမည် ဟု သိရသည်။

ရန်ကုန်မှ စင်ကာပူသို့ လိုက်ပါမည့် ခရီးသည် များအနေဖြင့် စင်ကာပူနိုင်ငံသို့ ဝင်ရောက်ရန် အချက်အလက် စုံလင်စွာ ရှိရမည်ဖြစ်ပြီး ၇၂ နာရီအတွင်း စစ်ဆေးထားသော COVID -19 Negative Test Result ရှိမှသာ စင်ကာပူ နိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း စင်ကာပူမှ ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည်များ အနေဖြင့် မြန်မာပြည် ပြန်ရောက်ပါက ဟိုတယ် ကွာရန်တင်းဝင်ရမည်ဖြစ်ပြီး MNA နှင့် Hotel ပူးပေါင်း၍ ခရီးသည်များ Hotel Quarantine နေထိုင်ရန် ညှိနှိုင်းနေကြောင်း သိရသည်။

ထို့အပြင် ယခုခရီးစဉ်တွင် Hotel Quarantine နေထိုင်မည့် ခရီးသည်များသာ လိုက်ပါရန် MNA က သတိပေးထားသည်။

စင်ကာပူမှ ပြန်လာမည့်သူများအနေဖြင့် မြန်မာ နိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ဟိုတယ်မှ Hotel Quarantine Reservation Confirmation Letter လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားဖြစ်ပါက စင်ကာပူနိုင်ငံရှိ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံးမှ ထုတ်ပေး ထားသော Visa သက်တမ်း ၆ လနှင့် အထက် ရှိသော Passport လိုအပ်မည်ဖြစ်ပြီး ၇၂ နာရီ အတွင်း စစ်ဆေးထားသော COVID -19 ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာတို့ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်္ဘောသားများအတွက်လည်း သင်္ဘောသားကိုယ်တိုင် (သို့မဟုတ်) သက်ဆိုင်ရာ Agent မှာ လျှောက်ထားပေးသော ထောက်ခံစာများ လိုအပ်မည်ဖြစ်ကြောင်း သိရပြီး ခရီးစဉ်တွင် လိုက်ပါမည့်သူများအတွက် MNA ၏ Facebookတွင် အသေးစိတ်အချက် အလက် များကို ဖော်ပြထားသည်။

ရန်ကုန် – စင်ကာပူ ခရီးစဉ်အတွက် လက်မှတ် စျေးနှုန်းများမှာ Business Class: USD 415 နှင့် Economy Class: USD 265 ဖြစ်ပြီး စင်ကာပူ – ရန်ကုန် ခရီးစဉ်အတွက် Business Class: SGD 550 နှင့် Economy Class: SGD 350 ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်းများ ပျံသန်းပြေးဆွဲခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်မှစတင်ကာ ရပ်နားခဲ့ပြီး ပြည်တွင်း လေကြောင်းလိုင်းများကို ရပ်နား ထားသည်မှာ နှစ်လကျော်ကြာမြင့် နေပြီဖြစ် သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img