HomeBusinessMobile Commodity Shops Launched in Yangon

Mobile Commodity Shops Launched in Yangon

Yangon City Development Committee, UMFCCI, and its partner associations launched a mobile commodity shop program in Yangon on October 26. 

In the program, the mobile shops will go around the townships in Yangon to sell essential commodities to the residents so that they do not need to go to the market while being able to buy fresh meat, fish, and vegetables at reasonable prices. 

The mobile shops, in the morning of October 26, started trial runs in Shwe Ohn Pin Housing and Shwe Ingyin Housing in Yan Kin Township; Mahar Myaing Housing in Dagon Township; Arsoka Street, Kyar Kwat Thit Street, Aung Mingalar Street, Aung Mingalar Housing, and Thidar Street in Kyuak Maung Quarter in Tamwe Township; and Mau Gone Quarter in Tamwe Township. 

In the evening, the shops sold commodities in Kanbe Sibin Housing, MOALI Staff housing, Hotel and tourism staff housing, Tawme, Bo Bahtoo Housing, and other streets in North Dagon Township. 

The mobile shops will expand their presence in Thaketa Township, Dawbon Township, South Dagon Township, Dagon Seikkan Township, East Dagon Township, and Mayangon Township on October 27.

The commodities sold by mobile shops include chicken, pork, beef, mutton, fish, eggs, fruits, and vegetables. 

Written by Ko Myo


ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင် အသင်းများမှပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရပ်ကွက်များအရောက် လှည့် လည် ဈေးရောင်းခြင်း အစီအစဉ်ကို ဆောင်ရွက်မည်ဟု သိရသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင် စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော ဈေးများသို့  သွားရောက် ဝယ်ယူ ခြင်းမပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွါးမှုမှ အထိုက်အလျောက်ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သောသားငါးစားသောက်ကုန်များအား မိမိတို့ရပ်ကွက်တွင်း တွင် ဝယ်ယူရရှိ နိုင်စေရေးတို့ကို ရည်ရွယ်၍ အောက်တိုဘာလ ၂၆ရက်မှစတင်ကာ ရောင်းချပေးမည်ဟု သိရသည်။

ထို့အပြင် ရှေ့ပြေးစမ်းသပ်ကာလအဖြစ် အောက် တိုဘာလ ၂၆ရက် နံနက်ပိုင်းတွင်ရန်ကင်းမြို့နယ် ရှိ ရွှေအုန်းပင်အိမ်ရာ၊ ရွှေအင်ကြင်းအိမ်ရာများ၊ ဒဂုံမြောက် မဟာ မြိုင်အိမ်ရာ ၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် အာသောက၊ ကျားကွက်သစ်လမ်း၊ အောင်မဂ်လာလမ်း နှင့် အောင်မဂ်လာအိမ်ရာ၊ ၊ သီတာလမ်း၊ တာမွေ မအူကုန်းတို့တွင်လည်းကောင်း ညနေပိုင်းတွင် ရန်ကင်း ကံဘဲ့စည်ပင်အိမ်ရာဝင်း၊လယ်ဆည် ဝန်ထမ်းအိမ်ရာ၊ဟိုတယ်ခရီးဝန်ထမ်းအိမ်ရာ၊တာမွေကြီးတာမွေလေး၊ မြောက်ဒဂုံဗိုလ်ဘထူး အိမ်ရာ၊ နှင့်မြို့နယ် အတွင်းလမ်းမကျယ်များ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးတို့၏ စီမံခန့်ခွဲမှုဖြင့် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလ ၂၇ရက်နေ့တွင် သာကေတမြို့နယ်၊ ဒေါပုံ၊ရန်အောင်မာန်အောင်၊ တောင်ဒဂုံမြို့နယ် ၊ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ မြို့ နယ်၊ မရမ်ကုန်းမြို့နယ်များတွင်ဆက်လက်ရောင်း ချ သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။ 

လက်လီရောင်းချပေးမည့်စားသောက်ကုန်များမှာ ကြက်သား(CP) ၊ ဝက်သား၊အမဲသား၊ဆိတ်သား၊ အသင့်ထုပ်ပိုး ပြီးရေချို/ ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ ၊ ဟင်းသီး ဟင်းရွက်မျိုးစုံများဖြစ်ပြီး သက်သာသောဈေးနှုန်းများဖြင့်နေ့စဉ်ဈေးကားနှင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း လူတန်းစားမရွေးဝယ်ယူနိုင်မည့် အလေးချိန် အရွယ်အစားများကိုသက်သာသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထိုသို့နေ့စဉ်ရောင်းချသွားမည့်အစီအစဉ်များကို ကုန်သည်စက်မှုအသင်းချုပ်၏ Facebook Pageမှ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ရုံးများမှ လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ အများပြည်သူသိရှိစေရန် ကြေညာ ဆောင်ရွက် သွားမည်ဟုကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img