
Myo Sandar
The government started levying a 5 percent commercial tax on mobile phone handset sales in June 2019. The tax generated K2.5 billion in revenue for government coffers during the first quarter of the new fiscal year, according to the Internal Revenue Department.
Shops in Yangon and Mandalay are the biggest contributors of handset tax revenue and the government is planning to enforce the taxation in other regions and states.
Yangon shops contributed K1.1 billion to total handset sales tax revenue while shops in Mandalay contributed some K1.4 billion, data from the department show.
Mobile phone vendors are instructed to attach a tax stamp on sales receipts. A total of 14 complaints have been made about vendors’ failure to put tax stamps on sales receipts, leading to fines of K7.72 million.
At present, failure to put a handset tax stamp on a sales receipt is subject to a fine of K200,000 for a first offense, K500,00 for a second offense, K700,000 for a third offense and K1 million for a fourth offense.
However, the Internal Revenue Department has announced that it will increase the penalty for such failures to 100 percent of the handset’s value. It has also instructed the Myanmar Mobile Dealers Association to urge members to comply with relevant rules and legislation.
Myanmar Summary
၂၀၁၉ ခုနှစ် ဇွန်လမှစတင်ပြီး လက်ကိုင်ဖုန်းဟန်းဆက်ဝယ်ယူသူတိုင်းကို ကုန်သွယ်လုပ်ငန်းခွန်ငါးရာခိုင်နှှုန်း ကောက်ခံခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ အောက်တိုဘာမှ ဒီဇင်ဘာအကုန်အထိ သုံးလအတွင်း လက်ကိုင်ဖုန်း (Handset) နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့်ဆိုင်များမှ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂ ဒသမ ၅ ဘီလီယံရရှိ ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ကုန်သွယ်ခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဖုန်းဆိုင်များကို ညွှန်ကြားခဲ့ပြီး လတ်တလောတွင် ဖုန်းနှင့် ဖုန်းဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းရောင်းချခြင်းများအတွက် ငွေရှင်းပြေစာများပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ်ကပ်ခြင်းကို ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင်သာ လုပ်ဆောင်ကြကာ တခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း အခွန်စည်းကြပ်နိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာနှစ် ၃ လတာ အတွင်းတွင် ရန်ကုန်တိုင်းရှိ ဖုန်းဆိုင်များမှ ကျပ် ၁ ဒသမ ၁ ဘီလီယံနှင့် မန္တလေးတိုင်းရှိ ဖုန်းဆိုင်များမှ ကျပ် ၁ ဒသမ ၄ ဘီလီယံ အထိ ရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ စာရင်းများအရသိရသည။်
ဖုန်းဆိုင်များကို ကုန်သွယ်လုပ်ငန်းခွန် ကပ်ရန်ညွှန်ကြားသည့်အချိန်တွင် ဖုန်းဆိုင်အချို့မှာ အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရန်ပျက်ကွက်မှုများရှိခဲ့ပြီး သုံးလအတွင်း ပျက်ကွက်သည့်အတွက်တိုင်ကြားမှု ၁၄ မှုရှိခဲ့ပြီး ဒဏ်ရိုက်ခြင်းမှ ကျပ် ၇ ဒသမ ၇၂ သန်းရရှိထားကြောင်း သိရသည်။
ယခင်က ငွေရှင်းပြေစာပေါ်တွင် အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရမည်ဖြစ်ပြီး အခွန်ပြေစာအမှတ်တံဆိပ် မကပ်သည့်ဖုန်းဆိုင်များကို ပထမတစ်ကြိမ်ပျက်ကွက်လျှင် ကျပ် နှစ်သိန်း ၊ ဒုတိယတစ်ကြိမ်ပျက်ကွက်လျှင် ကျပ် ငါးသိန်း၊ တတိယတစ်ကြိမ်ပျက်ကွက်လျှင် ကျပ် ခုနှစ်သိန်းနှင့် စတုတ္ထအကြိမ်ပျက်ကွက်ပါက ကျပ် ၁၀ သိန်းကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။
အခွန်ပြေစာအမှတ်တံဆိပ်မကပ်သည့် ဖုန်းဟန်းဆက်ဆိုင်များကို ဖေဖော်ဝါရီလမှ စတင်၍ ဖုန်းတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါကဲ့သို့ ကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ်ကို အပြည့်အဝကပ်နှိပ်ရောင်းချရန် မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းသို့လည်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားထားသည်။
ထို့ပြင် လက်လီရောင်းချသည့် ဖုန်းဆိုင်များအနေဖြင့်လည်း ငွေရှင်းပြေစာပေါ်တွင် အခွန်ပြေစာ အမှတ်တံဆိပ် မကပ်နှိပ်ဘဲ ရောင်းချခြင်းမပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားထားသည်။