MOEE to Borrow $113 Million for Gas Pipelines

0
414

Tin Mg Oo

The Ministry of Energy and Electricity has asked the country’s highest legislative body to approve its proposal to borrow $113.036 million from South Korea’s Economic Development Cooperation Fund (EDCF) to fund the replacement of gas pipelines running from Magway to Shwe Taung.
“The aim of this project is to create a 20-inch gas pipeline network connecting the upper and lower parts of the country. Moreover, this pipeline will provide gas from the Shwe Offshore gas project to Shwe Taung gas turbine, Myan Aung gas turbine and other gas-fired factories. This pipeline is the infrastructure prerequisite for other megaprojects that will emerge in the future,” Deputy Minister of Energy and Electricity Dr. Tun Naing told the Pyidaungsu Hluttaw on February 4.
The scheme includes replacing old and damaged 119-mile long, 14-inch gas pipeline in Magway Region and Bago Region with 20-inch carbon-steel pipes, replacing 14-mile long, 10-inch gas pipeline at Tikouk-Kyawswar fertilizer plant with 14-inch carbon-steel pipes and replacing another 8-mile long, 8-inch gas pipeline with same-size carbon pipes.
The project is estimated to cost around $129 million. The amount not covered by the loan will be covered with funds from state budget.
Carrying an interest rate of 0.01 percent, the loan has a 15-year grace period and 25-year repayment period. The project is expected to help increase power generation capacity at Shwe Taung gas turbine by 70 megawatts.


Myanmar Summary

မကွေး-ရွှေတောင် သဘာဓာတ်ငွေ့ပိုက်လိုက် အစားထိုးဆက်သွယ်ခြင်း စီမံကိန်းအတွက် ကိုရီးယားနိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ သန်း တစ်ရာကျော်        ချေးယူရန် လွှတ်တော်ထံတင်ပြ

ကိုရီးယားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအဖွဲ့(EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူပြီး သဘာဝဓာတ်ငွေ့ ပို့လွှတ်ဖြန့်ဖြူးခြင်း စွမ်းရည်ဖွံ့ဖြိုးမှှုစီမံကိန်း (မကွေး-ရွှေတောင် သဘာဓာတ်ငွေ့ပိုက်လိုက် အစားထိုးဆက်သွယ်ခြင်း စီမံကိန်း)ဆောင်ရွက်သွားရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။

“ ဒီစီမံကိန်းကို ဆောင်ရွက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ပင်မကျောရိုး ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်စနစ်တစ်ခု ပေါ်ထွန်းလာစေရန် ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ဒေသမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံးစက်ရုံများဖြစ်တဲ့ ရွှေတောင် Gas Turbine မြန်အောင်  Gas Turbine နဲ့ အခြားစက်ရုံတွေအတွက် လိုအပ်တဲ့ ဓာတ်ငွေ့တွေကို ရွှေကမ်းလွန်စီမံကိန်းကနေ သဘာဝဓာတ်ငွေ့တွေ စဉ်ဆက်မပြတ် ဖြန့်ဖြူးပို့လွှတ်နိုင်စေဖို့ ဖြစ်ပါတယ်။ နောင်အနာဂတ်ကာလမှာ စီမံကိန်းကြီးတွေ အကောင်ထည် ဖော်တဲ့နေရာမှာ လိုအပ်လာမယ့် သဘာဝဓာတ်ငွေ့တွေ ဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်း ကြိုတင်ပြီး အခြေခံအဆောက်အုံတည်ဆောက်ထားခြင်း ဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပျက်စီးယိုယွင်းနေသော ၁၄ လက်မပိုက်လိုင်းကို ၂၀ လက်မ ကာဗွန်စတီးပိုက်များဖြင့် အစားထိုးခြင်း ၁၁၉ မိုင် တီတွက် − ကျော်စွာ ဓာတ်မြေသြဇာ စက်ရုံရှိ ပျက်စီးယိုယွင်းနေသည့် ၁၀ လက်မပိုက်လိုင်းကို ၁၀ လက်မ ကာဗွန်စတီးများဖြင့် ၁၄ မိုင် အစားထိုးခြင်း ၊ ရွှေတောင်ဓါတ်အားပေးစက်ရုံရှိ ပျက်စီးယိုယွင်းနေသော ၈ လက်မ ပိုက်လိုင်းကို ၈ လက်မ ကာဗွန်ပိုက်များဖြင့် ၈ မိုင် အစားထိုးခြင်းများ ယင်းစီမံကိန်းတွင် ပါဝင်သည်။

စီမံကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်မှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂၉ သန်းခန့်ကုန်ကျမည်ဖြစ်ပြီး EDCF ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ သန်း မြန်မာအစိုးရမှ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၄၆၈ နှင့် ညီမျှသော မြန်မာကျပ်ငွေ တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေကို တစ်နှစ်လျှင် အတိုးနှှုန်း ၀ ဒသမ ၀၁ ရာခိုင်နှှုန်း ဖြင့် ၁၅ နှစ်ဆိုင်းငံ့ကာလ နှင့် ၂၅ နှစ်ကာလတို့တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ပိုက်လိုင်းများ ပြင်ဆင်ခြင်းအားဖြင့် ရွှေတောင်သဘာဝ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်မဂ္ဂါဝပ် ၇၀ ထပ်မံထိုးထုတ်မှှုများပါ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

SOURCETin mg Oo /Myanmar Business Today
Previous articleDigital Payments Launched for SME Registration
Next articleMyanmar Sees Over $1 Billion Exports Increase