Zin Thu Tun
State-run Myanma Oil and Gas Enterprise (MOGE) and MPRL E&P Company signed two contracts for an offshore gas project in block A-6 on December 16, one for production sharing and the other for gas production and distribution.
Meanwhile, Union Minister of Electricity and Energy U Win Khaing sounded a caution that environmental protection and workplace safety need to be prioritized in the project’s implementation.
Block A-6, located 80 kilometers west of Pathein City, Ayeyarwady Region, includes five projects, namely Shwepyithar-1, Shweyitun-1, Pyithit-1, Pyitharyar-1 and Shweyitun-2, announced in September 2018.
These projects are expected to start commercial production by the end of 2023.
“These two contracts mark a significant milestone not only for our joint-venture partners and stakeholders but also for the citizens of Myanmar, who are the real owners of the natural resources,” said U Moe Myint, chief executive of MPRL E&P.
MPRL E&P holds a 20 percent stake in block A-6; the remaining 80 percent is equally split between Australia’s Woodside Energy and France’s Total Myanmar E&P.
The project signed on December 16 will play a critical role in meeting domestic gas demand given that production will start in a short time.
Myanmar aims to implement offshore gas projects as they are economically viable for exploration, production and distribution.
Myanmar Summary
ကမ်းလွန် A-6 လုပ်ကွက်အတွက် MPRL E&Pကုမ္ပဏီနှင့် MOGE သဘောတူစာချုပ်နှစ်ရပ်အား လက်မှတ် ရေးထိုး
ကမ်းလွန်လုပ်ကွက်အမှတ် A-6 ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများအတွက် MPRL E&P ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတို့အကြား သဘောတူစာချုပ်နှစ်ရပ်ကို ဒီဇင်ဘာ(၁၆)ရက်၌ လက်မှတ် ရေးထိုးခဲ့ကြသည်။
ထုတ်လုပ်မှုခွဲဝေခံစားခြင်းဆိုင်ရာသဘောတူစာချုပ်နှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှု ၊ သယ်ယူပို့ဆောင်ရောင်းချခြင်းဆိုင်ရာ အချိုးအစားသဘောတူစာချုပ်နှစ်ရပ်ကိုချုပ်ဆိုခြင်းဖြစ်ပြီး A-6 ကမ်းလွန်လုပ်ကွက်တွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုမဖြစ်စေရေးကို အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနောက်ဖက် ကီလိုမီတာ(၈၀)အကွာတွင် တည်ရှိသော အဆိုပါ လုပ်ကွက်အတွင်း ရှာဖွေရေးတွင်းငါးခုပါဝင်ပြီး နောက်ဆုံးရှာဖွေတွေ့ရှိမှုဖြစ်သော ရွှေရည်ထွန်းအမှတ် – (၂) ကို ၂၀၁၈ခုနှစ် စက်တင်ဘာလ၌ ထုတ်ပြန်ကြေညာခဲ့သည်။
“ ယခုလိုသဘောတူစာချုပ်နှစ်ရပ်ချုပ်ဆိုနိုင်ခဲ့တာဟာ၊ စီမံကိန်းနဲ့တကွ Joint Venture Partnerများ၊ ကျွန်တော်တို့ရဲ့အဓိက Stakeholder များ၊ အဲဒီအထဲကမှအရေးကြီးဆုံးမူလသယံဇာပိုင်ရှင်ဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက်အထင်ကရအောင်မြင်မှုမှတ်တိုင်တစ်ရပ်ဖြစ်ပါတယ် ” ဟု MPRL E&P ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမိုးမြင့်က ပြောသည်။
ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် ပြည်သာတွင်းအမှတ်-၁၊ ရွှေရည်ထွန်းတွင်းအမှတ်-၁၊ ပြည်သစ် တွင်းအမှတ်-၁၊ ပြည်သာယာတွင်းအမှတ်-၁နှင့် ရွှေရည်ထွန်းတွင်းအမှတ်-၂တို့ တည်ရှိသည်။
ယင်းလုပ်ကွက်များမှ သတ်မှတ်ကာလဖြစ်သော ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ရည်မှန်းထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးကဆိုသည်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6တွင် MPRL E&Pကုမ္ပဏီမှ ရင်းနှီးမြုပ်နှံမှု(၂၀)ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy Limited မှ(၄၀)ရာခိုင်နှုန်းနှင့် ပြင်သစ်နိုင်ငံ Total Myanmar E&P မှ(၄၀)ရာခိုင်နှုန်းပါဝင်သည်။
A-6 တွင် ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝဓာတ်ငွေ့ပမာဏသည် အချိန်တိုအတွင်း စီးပွားဖြစ်ထုတ်လုပ်၍ နိုင်ငံတော်ပြည်တွင်းသုံးစွဲနိုင်ရေးအတွက် အထူးအားထားရမည့်စီမံကိန်းဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွက်ပထမဦးဆုံးရေအလွန်နက်သောဒေသရှိ ကမ်းလွန် စီမံကိန်းဖြစ်သောကြောင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်မှုနှင့် သယ်ယူ ပို့ဆောင်ဖြန့်ဖြူး ရောင်းချမှုဆိုင်ရာ ကဏ္ဍများတွင် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာ များဖြင့် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးကို ရည်ရွယ်ကြောင်း သိရသည်။