More Gas Stations Needed in Yangon

0
344

by Ei Thandar Tun

According to data from the Department of Road Transport Administration, as of November last year there were 784,999 vehicles registered in Yangon but only 188 gas stations in Yangon Region, representing a big imbalance between demand and supply.
When the number of vehicles registered elsewhere but used in Yangon is added, the car-to-gas station ratio becomes 4,200:1, which means more gas stations need to be built to satisfy demand, said Dr. Tun Naing, Deputy Minister of Electricity and Energy.
The ministry is prepared to approve proposals to build new gas stations provided that they meet the requirements of relevant laws and bylaws and regulations of the Ministry of Electricity and Energy, Ministry of Resources and Environmental Conservation and the Fire Department, he said.
“We have published information on the ministry’s website and via the state distributor offices to let people know the licensing process for gas stations,” he added.
Once construction is completed, the owner needs to present a Letter of No Objections from the relevant Regional or State government along with a storage license granted by the Department of Mining following storage tank inspection. The ministry will issue a distribution license after conducting ground inspection.
According to existing rules, gas stations located in residential areas must put storage tanks in the ground as a preventive measure in case of fire or earthquake.

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန၏ ယမန်နှစ် နိုဝင်ဘာလအထိ စာရင်း အရ ရန်ကုန်တိုင်းဒေသကြီးတွင် မှတ်ပုံတင် ထားသော ယာဉ်ကြီး ၊ ယာဉ်ငယ်စုစုပေါင်း ၇၈၄,၉၉၉ စီးရှိရာ ရှိထားသည့် စက်သုံးဆီ ဆိုင်နှင့်မမျှသည့် ဝန်ဆောင်မှှုကို ပေးနေ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် ခွင့်ပြုရရှိဖွင့်လှစ်ထား သည့် စက်သုံးဆီ အရောင်းဆိုင်အရေအတွက် သည် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ ၁၃၉ ဆိုင်၊ စည်ပင်သာယာနယ်နိမိတ်ပြင်ပ၌ ၄၉ ဆိုင်၊ စုစုပေါင်း စက်သုံးဆီ အရောင်းဆိုင် ၁၈၈ ဆိုင်ရှိကြောင်း သိရသည်။
ရန်ကုန်လိုင်စင်ဝင် ယာဉ်များအပြင် အခြားတိုင်းနှင့်ပြည်နယ်ရှိ ယာဉ်များပါထည့် တွက်ပါက နေ့စဉ် စက်သုံးဆီ တစ်ဆိုင်လျှင် ယာဉ်အစီးရေ ၄၂ဝဝ ခန့်ကို ဝန်ဆောင်မှု ပေးနေရသဖြင့် စက်သုံးဆီဆိုင်များထပ်တိုး ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်ကဆိုသည်။
ထို့ကြောင့် မော်တော်ယာဉ်များ နီးစပ် သည့်နေရာဒေသများတွင် စက်သုံးဆီ အလွယ်တကူ ဖြည့်တင်းနိုင်ရန်အတွက် ခွင့်ပြုသင့်သည့် မြေပေါ်တွင် စက်သုံးဆီအ ရောင်းဆိုင်အသစ် တည်ဆောက် ဖွင့်လှစ်ခွင့် ပြုရန် တင်ပြလာပါက လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မည်ဆိုပါက စိစစ်ခွင့်ပြု ပေးလျက်ရှိကြောင်း သိရသည်။
အရောင်းဆိုင်ကို တည်ဆောက်ပြီးစီးပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက် ခံချက်နှင့်ဆီသိုလှောင်ကန်များအတွက် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည် ဆောက်ထားခြင်း ရှိ/မရှိ စိစစ်ပြီးခွင့်ပြု ရရှိသည့် သတ္တုတွင်း ဦးစီးဌာန၏ သိုလှောင် ခွင့်လိုင်စင်နှင့်အတူ စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ခွင့်ပြု ထုတ်ပေးပါရန် တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသ ကြီး/ ပြည်နယ်ရောင်းဝယ်ရေးအရာရှိအား ထပ်မံကွင်းဆင်းကြည့်ရှုစစ်ဆေးစေ၍ သတ် မှတ်ချက်များနှင့် ကိုက်ညီမှသာ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ခွင့်ပြုထုတ် ပေးမည်ဖြစ်သည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleForeign Investors Can Trade on YSX from March
Next articleFrom Bonn to Vienna, in Search of Beethoven, the Man