အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Mortgage loans stimulate the sluggish local real estate market, which has been seeing lower demands during the devastating COVID-19 pandemic.
“Most of the properties sold are through banks. Huge projects such as Star City offer apartment units with bank loans. There are very few transactions of high-priced properties and land while apartments available with mortgage loans have more demands,” Daw Moh Moh Aung, General Secretary of Myanmar Real Estate Services Association, told Myanmar Business Today.
The market remains inactive except for some transactions for K30-100 million apartments.
Landlords also reduced the rental fees for their tenants when they sign a rental agreement to extend the rental period.
The real estate market, which remained normal until early March, started to show growing signs of sluggish market activities starting from the last week of March and only to slowly pick up the pace due to some tenants who need to pay the rent or desperately need to move into a new place.
Written by Tayzar Bhone Myint and Translated into English by Min Thu Aung
အိမ်ခြံမြေစျေးစျေးကွက်သည် COVID – 19 ကြောင့်အေးစက်နေရာမှ ဘဏ်ဖြင့်ချိတ်ဆက်ဝယ်ယူရသော တိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်မို့မို့အောင်က Myanmar Business Today ကိုပြောသည်။
“တော်တော်များများ ဘဏ်ချေးငွေတွေနဲ့ ဝယ်ကြတာများတယ်။ တို့ဘာတို့လည်း ဘဏ်လုံးတွေဝယ်ကြတယ် မြေကွက်အကြီးကြီးတွေ အရောင်းအဝယ်နည်းတယ်။ ဘဏ်နဲ့ချိတ်ဆက်ပေးရတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ပေးရတာပေါ့“ ဟု ဒေါ်မို့မို့အောင်က ဆိုသည်။
လက်ရှိတွင်အရောင်းအဝယ်အေး နေဆဲဖြစ်ကာ တိုက်ခန်းများသည် ဘဏ်ဖြင့်ချိတ်ဆက်၍ သိန်းသုံးရာမှ သိန်းတစ်ထောင် ပတ်ဝန်းကျင်အတိုက်ခန်းများ အများဆုံးအရောင်းအဝယ်ဖြစ်လျက်ရှိရာ သိန်းရှစ်ရာဝန်းကျင်သည်အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ဇွန်လတွင်းက အရောင်းအဝယ်တွေဖြစ်သော်လည်း နိုင်ငံခြားရင်နှီးမြုပ်နှံမှုမရှိသောကြောင့် ဂိုတောင်များ စက်မှုစုံများသည် အရောင်အဝယ်မဖြစ်အားလပ်နေရာ ဝယ်ယူသူများသည် စျေးနှိမ်ဝယ်ယူလျက် ရှိကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ရှိသာကေတ တောင်ဥက္ကလာ၊ ဒဂုံ၊ လေးထောင့်ကန်စသည် နေရာများတွင် ဘဏ်ဖြင့် ချိတ်ဆက်ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။
မြန်မာ့အိမ်ခြံမြေစျေးကွက်သည်မတ်လတွင်ပုံမှန် အရောင်းဖြစ်နေရာမှ မတ်လနောက်ဆုံးအပတ်မှစတင်ကာ COVID – 19 ကြောင့်အရောင်းအဝယ် များရပ်သွားခဲ့ကာမေလတွင် အနည်းငယ်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ရာတွင်လည်း မဖြစ်မနေ ပြောင်းရမည့် တိုက်ခန်းများ ငှားရမ်းထားပြီးငွေပေးချေရန် ကျန်သော မြေကွက်သာငွေချေခဲ့ကြကြောင်း ဒေါ်မို့မို့အောင်ကဆိုသည်။