၂၀၁၉ ခုနှစ် မေလတွင် ယာယီဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံမော်တော်ဆိုင်ကယ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းကို ယခုလ ၆ရက်တွင် တရားဝင်မှတ်ပုံတင်အဖွဲ့အစည်းအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ခွင့်ပြုလိုက်သည်။
အသင်း၀င် လူဉီးရေ ၁၀၀ကျော်ဖြင့် တရား၀င်ဖွဲ့စည်းခဲ့ပြီးနောက်တွင် မော်တော်ဆိုင်ကယ်နှင့်ပတ်

သက်၍ လုပ်ငန်းဆောင်ရွက်နေသူများအတွက် တရား၀င်ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု သိရသည်။ အသင်းနှင့် ပတ်သက်သည့် လုပ်ငန်းများ၊ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်သည့် အခက်အခဲများကို သက်ဆိုင်ရာ အစိုးရဌာနများသို့ တရား၀င်တောင်းဆိုမှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင်ကျယ်လာသော ဆိုင်ကယ် အရစ်ကျစနစ်ဖြင့် ရောင်းချမှုနှင့် ပတ်သက်၍ အရောင်းဆိုင်များ ငွေပြန်လည်မရရှိခြင်းကြောင့် အခက်အခဲများနှင့် ပတ်သက်ပြီး ဘဏ်နှင့် ညှိနှိုင်းဖြေရှင်းနိုင်ရန် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။