MoU Signed for Construction Workplace Safety

0
1581

TIn Mg Oo/Myanmar Business Today

A memorandum of understanding on workplace safety, healthcare and capacity building trainings was signed by the Myanmar Construction Entrepreneurs Federation (MCEF), Confederation of Trade Union Myanmar (CTUM) and Myanmar Federation of Construction and Logging Workers on December 3, the very first agreement of its kind to be signed by employers and employees.
“This is building trust between employers and employees,” said CTUM president U Maung Maung. “Under the agreement, we will provide training and issue certificates approved by the government as we hope to create a labor pool with the skill sets to meet ASEAN’s standards.”
There are workplace injuries and casualties in the construction sector, but no accurate data on the injuries and casualties are available to the government, employers or labor unions, U Min Min Latt, President of Myanmar Federation of Construction and Logging Workers, pointed out.
“From this day, we’ll start collaborating with labor unions for workplace safety, healthcare and training,” said U Shein Win, President of MCEF.
The industry is collecting data on workplace injuries and casualties and expects to have preliminary data by January.
The problem with getting accurate data on workplace injuries is that workers and employers never report the cases to the government, the MCEF’s president said.


Myanmar Summary

ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နားလည်မှှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး ကဏ္ဍတွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပထမဆုံး အကြိမ်အဖြစ် ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ ၊ ကျန်းမာရေး နှင့် အလုပ်အကိုင် ကျွမ်းကျင်မှှုဆိုင်ရာအတွက် နားလည်မှှုစာချွန်လွှာတစ်ရပ်ကို ဒီဇင်ဘာလ ၃ ရက်က Lotte Hotelတွင် လက်မှတ်ရေးထိုးခဲ့သည်။

နားလည်မှှုစာချွန်လွှာကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ပါဝင်ရေးထိုးကြခြင်းဖြစ်သည်။

“ အခုက အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ယုံကြည်မှှုတစ်ခု တည်ဆောက်နိုင်ခဲ့တဲ့ အခြေအနေ ဖြစ်တယ်။ ဒီစာချွန်လွှာ ပြီးတဲ့နောက်မှာ အစိုးရက ချမှတ်ထားတဲ့ သင်တန်းတွေကို ပေးပါမယ်။ အစိုးရက အသိအမှတ်ပြုတဲ့ လက်မှတ်တွေရတဲ့အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လုပ်ရတာလဲဆိုရင် ကျွန်တော်တို့ အလုပ်ရှင်တွေ အလုပ်သမားတွေအားလုံးပေါင်းပြီး အာဆီယံအတွင်းမှာ ယှဉ်ပြိုင်နိုင်တဲ့ လုပ်သားဈေးကွက်ဖြစ်လာအောင် မျှော်မှန်းထားပါတယ်” ဟု CTUM မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိမှှုများ ရှိနေသော်လည်း လက်ရှိအချိန်ထိ အစိုးရပိုင်း အလုပ်ရှင်ပိုင်းနှင့် အလုပ်သမားပိုင်းတို့တွင်လည်း ထိခိုက်ဒဏ်ရာရရှိမှှုနှင့် ပတ်သက်သည့် စာရင်းများ မရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဥက္ကဌဦးမင်းမင်းလတ်က ရှင်းပြခဲ့သည်။

“ ဒီနေ့ကစပြီး ကျွန်တော်တို့ အနေနဲ့ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်တွေနဲ့ ပူးပေါင်းပြီး အလုပ်ခွင်အတွင်းမှာ အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးနဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှှုတွေ အားလုံးကို ပူးတွဲပြီးလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (MCEF) ဥက္ကဌ ဦးရှိန်ဝင်းက ပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေးကဏ္ဍ ထိခိုက်ဒဏ်ရာရရှိမှှုများနှင့် ပတ်သက်ပြီး စာရင်းအင်းအချက်အလက်များကို ကောက်ယူလျက်ရှိပြီး အဆိုပါအချက်အလက်များကို ဇန်နဝါရီနောက်ဆုံး ပတ်လောက်တွင် စာရင်းအကြမ်းဖျင်းထွက်ရှိမည်ဖြစ်သည်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားများ ထိခိုက်ဒဏ်ရာ ဖြစ်ပေါ်ခဲ့ပါက ဆေးရုံတွင်သာ ပြီးစီးသွားပြီး အလုပ်သမား ဝန်ကြီးဌာနသို့ မရောက်မရှိခြင်းများကြောင့် ထိခိုက်ဒဏ်ရာရသည့် အချက်အလက်များကို ရရှိရန်အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းကရှင်းပြသည်

SOURCETin mg Oo /Myanmar Business Today
Previous articleHK Company Invests Over $350 million in Myanmar Real Estate
Next articleBRINGING OUT SMILES ON MYANMAR CHILDREN’S FACES