MPRL E&P Oil and Gas Soon to Dig Block A-6

0
232

 By Zin Thu Tun / Myanmar Business Today

Myanmar E&P Oil and Gas will start digging block A-6, located 100 km west of Pathein, Ayeyarwady Region. This is according to U Win Khaing, Union Minister of the Ministry of Electricity and Energy, as stated at the coordination meeting of the ministry for 2019-2020 held on October 19.

The minister also stressed that employees at Myanmar Oil and Gas Enterprise (MOGE) need to collaborate so that they can gain experience and improve their capacity.

MPRL E&P was awarded as the operator of Block A-6 in 2017. MPRL and Myanmar Oil and Gas Enterprise (MOGE), a state-owned enterprise, signed the contract for the project. Australian oil firm Woodside and France giant Total own 40 percent each, meanwhile MPRL E&P owns 20 percent.

The operator of the project aims to start extracting and producing natural gas by 2023. The company and the ministry announced the discovery gas field in September, 2018.

ပုသိမ်မြို့၏ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် လုပ်ကိုင်နေသည့် A-6 သဘာဝဓာတ်ငွေ့သိုက် မကြာမီတူးဖော်မည်ဟု ပြည်ထောင်စုဝန်ကြီးဆို

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် လုပ်ကိုင်နေသည့် A-6 သဘာဝဓာတ်ငွေ့သိုက်ကို မကြာမီတူးဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ(၁၉)ရက်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအပေါ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

         ယင်းအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းမျာအနေဖြင့် ကုမ္ပဏီမှ နိုင်ငံခြားသားပညာရှင်များနှင့် ပူးပေါင်း၍ စွမ်းဆောင်ရည်မြှင့်မားစေရန် ဆောင်ရွက်ရန်လိုကြောင်း ဝန်ကြီးက ဆိုသည်။

      အဆိုပါ A-6 ကမ်းလွန်လုပ်ကွက်ကို ၂၀၁၇ခုနှစ်တွင် Operator အဖြစ် MPRL က လုပ်ကိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) နှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ကွက်ကို သြစတြေးလျရေနံကုမ္ပဏီ Woodside နှင့် ပြင်သစ်ရေနံကုမ္ပဏီ Total တို့က ၄၀ရာခိုင်နှုန်းစီ ရှယ်ယာပိုင်ဆိုင်ပြီး ပြည်တွင်းမှ MPRL E&P ကုမ္ပဏီက ရှယ်ယာ၂၀ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

      A-6 ကမ်းလွန်လုပ်ကွက်စီမံကိန်းမှ ၂၀၂၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။ယင်းလုပ်ကွက်၌ ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် သဘာဝဓါတ်ငွေ့သိုက်ကြီး တူးဖော်တွေ့ရှိကြောင်း ကုမ္ပဏီနှင့်  ဝန်ကြီးဌာနဘက်က ကြေညာခဲ့သည်။

Previous articleMyanmar and Thailand Agree to Use Kyat and Baht for Cross-Border Payments
Next articleYCDC to Issue Hygiene Certificates for Yangon Restaurants