MPT Expands into Mobile Payments

0
419

Telecom operator MPT has expanded into mobile payment services with the introduction on January 28 of mobile financial app MPT Money, which the company hopes will enable greater access to financial solutions across Myanmar.
The app will allow users to make electronic financial transactions such as OTC remittance, wallet services, mobile top-ups for MPT and other providers as well as bill payments. It will also enable users to pay their taxes and receive their pension without leaving home.
“Mobile money solutions represent a significant innovation to improve the provision of financial services and develop a cashless society,” said U Khin Maung Myint, managing director of MPT Money Ltd.
“Our goal is to make digital money transfer services more accessible to everyone and everywhere, with a specific focus on secure and reliable mobile transactions,” he added.
MPT Money offers services through a network of more than 25,000 agents located in 275 townships nationwide. It aims to double the size of its agent network in the coming months.
Myanmar consumers using a SIM card from any telecom operator can register for MPT Money customer accounts and use its services.
“By connecting our customers to mobile wallets, we aim to drive better financial inclusion that will improve the economic and social well-being of millions of Myanmar citizens,” said MPT Money’s chief.
Currently, only six percent of Myanmar’s population have access to financial services,
With a workforce of 8,000 employees, MPT with its partners KSGM provides service to 25 million users across the country.


Myanmar Summary

MPT Money ပင်စာလစာထုတ်နိုင်ရန်နှင့် အစိုးရအခွန်အခများ ပေးဆောင်နိုင်ရန်  လုပ်ဆောင်သွားမည်

MPT ဆက်သွယ်ရေးအော်ပရေတာက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် MPT Money  မိုဘိုင်းငွေကြေး ဝန်ဆောင်မှှုကို ဇန်နဝါရီ ၂၈ ရက်က မိတ်ဆက်ခဲ့သည်။

အဆိုပါ အပလီကေးရှင်းမှတစ်ဆင့် ငွေလွှဲပြောင်းခြင်း၊ ဈေးဝယ်ရာတွင် ငွေပေးချေခြင်း၊ ငွေသွင်းငွေထုတ် ပြုလုပ်နိုင်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ငွေပေးခြင်း အစရှိသည့် ဝန်ဆောင်မှုများအပြင် အသေးစား ငွေရေးကြေးရေး အဖွဲ့များအတွက် ရန်ပုံငွေ ထူထောင်ခြင်းများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

MPT Money မှ တဆင့် အခွန်ပေးဆောင်ခြင်း၊ အငြိမ်းစားလစာပေးခြင်း၊ မီတာခပေးဆောင်ခြင်းနှင့် အခြားသော ငွေပေးဆောင်ခြင်းများပြုလုပ်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားသည်။

“ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းဟာ ငွေရေးကြေးရေးကဏ္ဍမှာ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့နဲ့ ငွေသားကိုင်တွယ်သုံးစွဲဖို့မလိုတဲ့ လူမှုအဖွဲ့အစည်း တစ်အခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဒစ်ဂျစ်တယ် ငွေကြေးလွှဲပြောင်းတဲ့ ဝန်ဆောင်မှုကို လူတိုင်းနေတိုင်းမှာ လက်လှမ်းမှီနိုင်ပြီး အသုံးပြုနိုင်အောင်ပါ ” ဟု MPT Money ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်မြင့်က ပြောသည်။

အငှားယာဉ်များနှင့် ရန်ကုန်မြို့ရှိ Merchants များအတွက်လည်း အလွယ်တကူ MPT Money မှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး MPT Money ကို အသုံးပြုသူများအဆင်ပြေစေရန် နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၂၇၅ ခုမှ အေးဂျင့်ပေါင်း ၂၅၀၀၀ ကျော်ရှိကာ မကြာမီကာလအတွင်း လက်ရှိအေးဂျင့် ကွန်ရက်ကို ၂ဆအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သုံးစွဲသူများအနေဖြင့် Mobile Wallet အကောင့် ဖွင့်ထားရန်လိုအပ်ပြီး ငွေရှင်းရာတွင် ပြန်အမ်းသည့် cash-back ကို ပေးပို့သူ၏ Mobile Wallet အကောင့်ထံသို့ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ Mobile Wallet ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် သန်းပေါင်း များစွာသော မြန်မာနိုင်ငံသားတွေအနေနဲ့ ငွေကြေးဝန်ဆောင်မှုကို လက်လှမ်းမှီလာပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဆောင်ရွက်နိုင်မည့်အပြင် လူနေမှုအဆင့်အတန်းကိုလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ထပ်မံဖြည့်စွက် ပြောသည်။

မြန်မာနိုင်ငံတွင် နေထိုင်သည့် လူဦးရေ အနက်မှ ၆ ရာခိုင်နှှုန်းသာ ဘဏ်များနှင့် အခြားသော အဖွဲ့အစည်းများမှ ငွေကြေးဝန်ဆောင်မှုကို ရရှိကြကြောင်း သိရသည်။ MPT အနေဖြင့် KSGM နှင့် ပူးပေါင်းကာ ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်နှင့် ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် MPT သုံးစွဲသူမှာ ၂၅သန်းကျော် ရှိကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleSalmonella-Tainted Chicken Safe to Eat if Well Cooked: Expert
Next articleMyanmar to Establish Credit Guarantee Corporation