HomeBusinessMRF Steps into Rice Market to Stabilize Rice Price

MRF Steps into Rice Market to Stabilize Rice Price

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar Rice Federation will sell rice from the state rice reserve to retail rice selling shops in an attempt to stabilize rice prices.

They will sell a rice variety called Lone Shae/Aemahta at the price of K1000-1,100 per bushel. Currently, it is sold around K10,00-1,500 in the market.

The federation will sell a 108 lb bag of rice at K22,800 to retailers, who can buy up to 200 bags a time. Retailers who want to buy rice will have to apply to the federation filling the forms it released. In addition to retailers, factories with a large number of workers can also apply for it.

Consumer Departments will inspect the selling process to make sure there is no monkey business.

The government and federation purchased 25 percent well-milled and polished rice from rice exporters in late April and early May, to secure food security of the country amid COVID-19.


နိုင်ငံတော်အရန်ရိက္ခာဆန်များကို လက်လီဆိုင်များမှတစ်ဆင့် ဒေသအလိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ ရောင်းချမည့်ဆန်အမျိုးအစားမှာ လုံးရှည်/ဧည့်မထဆန် အမျိုးအစားဖြစ်သည်။

ထိုသို့ရောင်းချရာတွင် ဒေသအလိုက် ဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်၊ ၁၀၅၀ ကျပ်၊ ၁၁၀၀ ကျပ်ထက်မပိုစေဘဲ စားသုံးသူပြည်သူများထံ လက်လီဆိုင်များကရောင်းချပေးမည်ဖြစ်သည်။

ဝယ်ယူထားသောအရန်ဆန်များအား ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၂၈၀၀ ကျပ်နှုန်းဖြင့် မှတ်ပုံတင်အဆိုပြုလာသော လက်လီဆိုင်များအား တစ်ကြိမ်လျှင် အိတ်ရေ ၂၀၀ ထိအများဆုံးထားရောင်းချမည် သွားမည်ဖြစ်သည်။

လက်လီဆိုင်များသည် ဆန်စပါးအဖွဲ့ ချုပ်မှထုတ်ပြန်ထားသောလျှောက်လွှာပုံစံဖြင့် ဝယ်ယူခွင့်လျှောက်ထားရမည်ဖြစ်သည်။

ထိုရောင်းချမှုများကို စနစ်တကျဖြစ်စေရန် ဖြစ်စေရန် တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနများ မှ စစ်ဆေးကြီးကြပ်သွားမည်ဖြစ်သည်။

ထိုအပြင် စက်မှုဇုန်များ ရှိ အလုပ်သမားအရေအတွက်များသော စက်ရုံ များသို့လည်း အလုပ်သမားမိသားစုများအတွက် ရောင်းချရန် စီစဥ် ဆောင်ရွက်မည် ဟုလည်းသိရသည်။

Coronavirus Disease 2019 ဖြစ်ပေါ်နေချိန်တွင် ပြည်ပသို့ ဆန်/ ဆန်ကွဲ တင်ပို့နေသော ကုမ္ပဏီများထံမှ နိုင်ငံတော်အရန် ရိက္ခာ ဆန်အဖြစ် လုံးရှည်/ဧည့်မထ ၂၅% (well milled & Polished) ဆန်ကို ဧပြီလကုန် မေလဆန်းပိုင်းမှ ဝယ်ယူသိုလှောင်ထားကြောင်းသိရသည်

နိုင်ငံတော်၏ အရန်ရိက္ခာ အစီအစဉ်အရ အရန်ဆန်များကို ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းလျက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img