English Text Below
မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Thilawa SEZ Holdings Publish Limited (MTSH) တွင် အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ဦးမြင့်ဇော်ကို စတင်ခန့်ထားကြောင်း သိရသည်။
ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးကျော်ဇော်ဝေသည် မိသားစုအားအနီး ကပ်စောင့်ရှောက်ရန်နှင့် Covid-19ဖြစ်ပေါ်သည့် ကိစ္စရပ်များကြောင့် ၎င်း၏ ဆန္ဒဖြင့် အနားယူသွားခြင်းဖြစ်ကြောင်း MTSH မှ သိရသည်။
လက်ရှိ အမှုဆောင်အရာရှိချုပ်အဖြစ်ခန့်ထားသည့် ဦးမြင့်ဇော်သည် MTSH စတင်တည်ထောင်စဉ်ကပင် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များအား အရှိန်မြင့် တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး MTSH ၏ လုပ်ငန်းသဘာဝနှင့် နည်းစနစ်များကို နားလည်ကျွမ်းကျင်သူဖြစ်ကြောင်း သိရသည်။
CEO အသစ်သည် လက်ရှိတွင် MTSH ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး MTSH ၏ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Thilawa Development Limited (MJTD) တွင် လူစွမ်းအားအရင်းအမြစ်နှင့် စီမံခန့်ခွဲရေးဆိုင်ရာအရာထမ်းအဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။
ယင်းသို့ MJTDတွင် ထမ်းဆောင်ထားသည့် အလုပ်တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး CEO အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
ယခု CEO အသစ်သည် လယ်ယာထွက်ကုန်နှင့် စားအုန်းဆီစသည့် လူသုံးကုန်ပစ္စည်းကုန်သွယ်မှုလုပ်ငန်း၊ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြေယာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အရောင်းနှင့်ဈေးကွက်ဖော်ဆောင်မှုအတွေ့အကြုံ အနှစ် (၂၀) ခန့်ရှိကြောင်း သိရသည်။
MTSH သည် ဧပြီ ၂၅ ရက်တွင် အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၂၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ် ၇ ဒသမ ၇ ဘီလီယံကျော်ထုတ်ပေးခဲ့ကြောင်း သိရသည်။
Myanmar Thilawa SEZ Holdings PUblish Limited (MTSH), one of the listed companies at Yangon Stock Exchange, has appointed U Myint Zaw as its new CEO, who will succeed former CEO, U Myint Zaw, who stepped down from the position to take care of the family more closely amid COVID-19 outbreak.
U Myint Zaw was the CEO of the company since it was founded and managed to help the company grow as he understand the country’s business nature and strategy thoroughly.
The new CEO is serving as Human Resource and Management Officer at Myanmar Thilawa Development Limited (MJTD), which is an affiliated company of MTSH.
He has 20 years of sales and marketing experience in commodity trade, automobile parts production and sales, hotel and tourism, construction and land development.
MTSH gave K7.7 dividends to its shareholders on April 25.