by Zin Thu Tun
Myanmar Thilawa SEZ Holdings PCL has won the tender bid to develop the Kyogone housing project in Yangon.
The project, located on a 17-acre plot of land between Baho Road and Insein Road, comprises affordable housing, luxury housing, a shopping center and communal buildings including schools and a hospital.
The Yangon Regional Government invited tender applications for the project in November 2019. With expertise and experience in urban and housing megaprojects and a strong financial background, MTSH was judged the most suitable candidate to develop the K178 billion project.
MTSH, the second company to list on the Yangon Stock Exchange, was the exchange’s top performer in 2019 in terms of number of shares traded.
Of the four million shares traded on the YSX last year, 2.3 million were MTSH shares.
ကြို့ကုန်းအိမ်ရာ ပြည်လည်ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရန် MTSH ကုမ္ပဏီ ရွေးချယ်ခံရ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်လမ်း ၊ ဗဟိုလမ်းမကြီးဘေး အနောက်ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရန် Myanmar Thilawa SEZ Holdings Public Company Limited ရွေးချယ်ခံရကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။
မြေဧရိယာ ၁၇ ဧက အကျယ်ရှိ အငှားအိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းတွင် တန်ဖိုးမျှတအိမ်ရာနှင့် တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာများ ၊ ဈေးဝယ်စင်တာ ၊ Shopping House များနှင့် လူမှုဆိုင်ရာ အဆောက်အအုံများဖြစ်သော ကျောင်းနှင့်ဆေးရုံတို့ပါဝင်တည်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတန်ဖိုးအနေဖြင့် ကျပ်(၁၇၈)ဘီလီယံခန့်ရှိပြီး MTSH အနေဖြင့် ယခုကဲ့သို့ရွေးချယ်ခံရခြင်းသည် အကြီးစားမြို့ပြနှင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊ ခိုင်မာသောဘဏ္ဍာရေး အခြေအနေများကြောင့်ဖြစ်ကြောင်း သိရသည်။
လက်ရှိ စီမံကိန်း၏ အပြီးသတ်တင်ဒါအောင်မြင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း MTSH ၏ ဒါရိုက်တာဘုတ်အဖွဲ့က ဆိုသည်။
အဆိုပါ ကြိုကုန်းအိမ်ရာပြန်လည်အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် တင်ဒါဖိတ်ခေါ်ခဲ့သည်။
MTSH သည် လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် ဒုတိယမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် အစုရှယ်ယာများကို ရောင်းချလျက်ရရှိပြီး ယမန်နှစ်တစ်နှစ်လုံးရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအများဆုံး အရောင်း အဝယ်ဖြစ်သည့် ကုမ္ပဏီဖြစ်ခဲ့သည်။
ယမန်နှစ်တွင် YSXအတွင်း အများပိုင်ကုမ္ပဏီငါးခုက ရှယ်ယာ လေးသန်းခန့် ၊ ကျပ် ၁၄ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး MTSH က ရှယ်ယာ ၂ ဒသမ ၃ သန်းကျော် အရောင်း အဝယ်ဖြစ်ခဲ့သည်။