Myanma Insurance on February 6 introduced Housing Insurance Package, a new product designed to protect home-loan lenders and borrowers.
The insurance not only benefits the buyer and/or beneficiary in case of death or permanent disability but also protects the institution that provides the loan.
Housing Insurance Package covers any loss or damage from fire, lightning, explosion, plane crash, earthquake, storm, flood, accident, flooding from water tank or broken pipes, fallen trees, smoke or burglary.
In case of the insured person’s death or permanent disability, Myanma Insurance will pay off the remaining housing debt, enabling the customer to own their home. The policy expires when the entire loan has been paid off.
Buyers can opt for budget premium, requiring monthly payments, or non-budget premium, requiring once-a-year payments.
အိမ်ရာအဆောက်အဦဝယ်ယူရာတွင် ချေးငွေထုတ်ချေးခြင်းနှင့် ချေးငွေထုတ်ယူသူများ နစ်နာဆုံးရှုံးမှု မရှိစေရန် အိမ်ရာချေးငွေတဆင့်အာမခံ(Housing Insurance Package)အမျိုးအစားကို မြန်မာ့အာမခံ လုပ်ငန်းက ဖေဖော်ဝါရီလ(၆)ရက်၌စတင်မိတ်ဆက်ခဲ့သည်။
မိတ်ဆက်လိုက်သည့်အမျိုးအစားသည် အာမခံထားရှိသူ၏သေဆုံးမှု၊ ထာဝစဉ်မသန်စွမ်းဖြစ်မှုနှင့် ချေးငွေရယူထားသော အဆောက်အဦပျက်စီးမှုကြောင့် အာမခံထားရှိသူ(သို့မဟုတ်)ကျန်ရစ်သူမိသားစုအပြင် ချေးငွေထုတ်ချေးသည့် အဖွဲ့အစည်းများအတွက်ပါ အကျိုးရှိစေမည့် အာမခံအမျိုးအစားတစ်ခုဖြစ်သည်။
ချေးငွေဖြင့် ဝယ်ယူထားသောအဆောက်အဦသည် မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းဒဏ်၊ ရေကြီးဒဏ်ခံရခြင်း၊ ထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရေလှောင်ကန်၊ ရေပိုက်များ၊ ရေလျှံပျက်စီးခြင်း၊ မီးကူးစက်လောင်ကျွမ်းခြင်း၊ သစ်ပင်လဲကျပျက်စီးခြင်း၊ မီးခိုးကြောင့်ပျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်းစသော အကာအကွယ်(၁၄)မျိုးကို Housing Insurance Package အာမခံဝယ်ယူထားရုံဖြင့် ပရီမီယံကြေးထပ်မံပေးသွင်းစရာမလိုဘဲ အကာအကွယ်ရရှိမည်ဖြစ်သည်။
အာမခံထားရှိသူသည် ဘဏ်ချေးငွေဖြင့် အဆောက်အဦဝယ်ယူပြီး အာမခံသက်တမ်းအတွင်း သေဆုံးခဲ့လျှင်(သို့) ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ပေးသွင်းရန်ကျန်ရှိသော အဆောက်အဦတန်ဖိုးကို မြန်မာ့အာမခံလုပ်ငန်းမှပေးချေမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကဆိုသည်။
ယင်းကြောင့် အာမခံထားရှိသူအနေဖြင့် စိတ်ပူပင်စရာမလိုဘဲ ချေးငွေဖြင့် ဝယ်ယူထားသော အဆောက်အဦကို ပိုင်ဆိုင်မည်ဖြစ်ပြီး အဆောက်အဦတန်ဖိုးပေးချေပြီးသည့်အချိန်၌ ဝယ်ယူထားသော အာမခံ၏ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ပရီမီယံကြေးပေးသွင်းရာတွင် (Budget Premium) လစဉ်အရစ်ကျပေးသွင်းသည့်ပုံစံနှင့် (Non-Budget Premium) တစ်နှစ်လျှင်တစ်ကြိမ်ပေးသွင်းသည့်ပုံစံဟူ၍ နှစ်မျိုးရှိပြီး အာမခံထားရှိလိုသူ၏ နှစ်သက်ရာပုံစံဖြင့် ဝယ်ယူနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းက ထုတ်ပြန်ထားသည်။