HomeBusinessLocalမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းပြင်ဆင်သတ်မှတ်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းပြင်ဆင်သတ်မှတ်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် နှစ်စဉ်ထုတ်ချေးနေသည့် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၂ ဆင့်ချေးငွေ (JICA Two Step loan)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ၂ ဆင့်ချေးငွေ( MEB,Two Step Loan)တို့အပေါ် တစ်နှစ်လျှင် ကောက်ခံသည့် အတိုးနှုန်းများကို လျှော့ချလိုက်ကြောင်း မြန်မာလယ်သမားဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေအပေါ် ကောက်ခံသည့်အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းကောက်ခ့ရာမှာ ၇ ရာခိုင်နှုန်းသို့ လျှော့ချ ပြင်ဆင်လိုက်ပြီး စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၂ ဆင့်ချေးငွေ (JICA Two Step loan)အပေါ် တစ်နှစ်လျှင် ကောက်ခံသည့် အတိုးနှုန်းကို ယခင်က ၈ ရာခိုင်နှုန်းကောက်ခံရာမှ ယခု ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ၂ ဆင့်ချေးငွေ( MEB,Two Step Loan)အပေါ် တစ်နှစ်လျှင်ကောက်ခံသည့်အတိုးနှုန်းကို ယခင် ၉ရာခိုင်နှုန်းကောက်ခံရာမှ ယခု ၈ ရာခိုင်နှုန်းသာကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့လယ်သမားဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ယင်းပြင် တောင်သူများ၏ စုဆောင်းအပ်ငွေအတွက် ပေးမည်အတိုးနှုန်းများကိုလည်း ထုတ်ချေးငွေအပေါ် အတိုးနှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်လိုက်ကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်လိုက်သည့် အတိုးနှုန်းများသည့် ၂၀၂၀ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ သိရသည်။

- Advertisment -spot_img

Must Read

IMEI number of mobile phones required to be registered

Leader of Tatmadaw Information Team, Major General Zaw Min Tun confirmed during the press conference held on 19 May that mobile phone importers will...
spot_img