Myanmar and China have signed the MoU to conduct a feasibility study for the Mandalay-KyaukPhyu railway project, to be jointly carried out by the two countries.
“Myanmar considers this China-Myanmar railway collaboration including the Mandalay-KyaukPhyu railway important since it is crucial for China’s “the Belt and Road” project. We appreciate China’s continued support for peace, development, and railway projects. We believe this project will benefit people from both countries,” U Thant Sin Maung, Union Minister of the Ministry of Transport and Communication, said.
Following Mr. Xi Jinping’s visit to Myanmar in January 2020, China Railway Eryuan Engineering Group Co., Limited submitted the feasibility study report on the Muse-Mandalay Railway project to the Ministry of Transportation and Communications.
The two sides have discussed in detail including technical and funding in the past year.
“Success is not easy to achieve but through collective efforts by the two sides amid the pandemic. This collaboration is a clear demonstration of shared community spirit. The railway segment from Yunnan to Shweli will complete in 2023. The railway will connect Myanmar to Eurasia with 1.4 billion population helping the economic development of Myanmar, peace process and national reconciliation,” Mr. Chen Hai, Chinese Ambassador to Myanmar, said.
Written by Ko Myo
တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သောမန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက် နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ဇန်နဝါရီလ ၁၀ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးမှ သိရသည်။
“မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း အပါအဝင် တရုတ်-မြန်မာရထားလမ်း ပူးပေါင်းဆောင်ရွက်မှု သည် နှစ်နိုင်ငံ “The Belt and Road” နှင့် စီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေး၏ အရေးပါစီမံကိန်းဖြစ်ရာ မြန်မာနိုင်ငံမှ များစွာ အလေးထားပါတယ်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရထားလမ်း လုပ်ငန်းအပေါ် ကာလကြာရှည်စွာ ထောက်ခံ အားပေး ကူညီသည့်အတွက် ကျေးဇူး တင်ရှိပါ တယ်။ ရထားလမ်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများကို အကျိုးကျေးဇူးများ ခံစားရစေမည်ဟု ယုံကြည်ပါတယ်” ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် ကပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၏ သမ္မတ Mr. Xi Jinping မြန်မာနိုင်ငံသို့ ခရီးစဉ် လာရောက်ခဲ့ပြီး China Railway Eryuan Engineering Group Co.,Limited မှ မြန်မာ နိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနသို့ မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက် နိုင်ခြေလေ့လာမှု အစီရင်ခံစာ တင်ပြခဲ့သည်။
ထို့နောက် တစ်နှစ်တာကာလအတွင်း နှစ်ဦး နှစ်ဖက်အတူ နည်းပညာအစီအစဉ်နှင့် ငွေကြေး ထည့်ဝင်မှုနည်းလမ်းများ နှင့်စပ်လျဉ်း၍ နက် နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုအကြိမ်တွင် မန္တလေး-ကျောက်ဖြူရထား လမ်းပိုင်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုကို ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။
“နှစ်ဦးနှစ်ဖက် ရထားလမ်းကဏ္ဍ ပူးပေါင်း ဆောင် ရွက်မှုသည် ကပ်ရောဂါအခြေအနေကို ကျော် လွှား ၍ ဆက်တိုက်တွန်းအားပေး ဆောင်ရွက် လျက်ရှိရာ အောင်မြင်မှုများသည် အလွယ် တကူရရှိလာခြင်းမဟုတ်ပါဘူး။ ယခုပူးပေါင်း ဆောင်ရွက်မှုဟာတရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို သက်ဝင် လှုပ်ရှားစွာ ဖော်ပြနေခြင်းဖြစ်ပါတယ်။ တရုတ် ပြည်တွင်း ယူနန် တာလီ မှ ရွှေလီ အထိ ရထား လမ်းပိုင်းဟာ၂၀၂၃ ခုနှစ်ကုန်မှာ ဖောက်လုပ် ပြီးစီးပြီး ရထားပြေးဆွဲနိုင်မည်ဖြစ်သလို တရုတ် -မြန်မာ နယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ပါ တယ်။တရုတ်-မြန်မာရထားလမ်း ချိတ်ဆက်ခြင်း နှင့် မြန်မာနိုင်ငံပြည်တွင်း ရထားလမ်း ဖောက် လုပ်ခြင်းသည် မြန်မာနိုင်ငံနှင့် လူဦးရေ ၁.၄ ဘီလီယံရှိသော ကြီးမားသည့်စျေးကွက်ကြီး၊ ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ (Eurasia) ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင် မည်ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်လာရေး အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံ ပြည်တွင်း အမျိုးသားပြန်လည် သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မည်ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့နှင့်အတူ China Railway Eryuan Engineering Group Co.,Limited၏ မြန်မာနိုင်ငံအမှုဆောင်ကိုယ်စားလှယ် M. Wang Guoliang၊ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ အထွေ ထွေမန်နေဂျာ ဦးအောင်ဝင်းတို့သည် စီမံကိန်းနှင့် ပတ်သက်သော နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
The drug information contained herein is subject to change and is not intended to cover all possible uses, directions, precautions, warnings, drug interactions, allergic reactions, or adverse effects. buy cialis malaysia The absence of warnings or other information for a given drug does not indicate that the drug or drug combination is safe, effective, or appropriate for all patients or all specific uses.