By Myo Sandar /Myanmar Business Today
The Central Bank of Myanmar and the Bank of Thailand have signed an MoU agreeing to use Myanmar Kyat and Thai Baht for cross-border payments, according to an announcement by the Bank of Thailand on October 21.
The MoU was signed by U Kyaw Kyaw Maung, governor of the Central Bank of Myanmar, and his counterpart Veerathai Santiprabhob on October 18 during the International Monetary Fund (IMF) World Bank meeting held in the United States.
The agreement also includes cooperation in the areas of financial innovation and payment systems, which aim to enhance collaboration on financial innovation and payment services to promote more efficient and secure domestic and cross-border fund transfers.
Experts in banking sectors believe that the MoU will streamline cross-border payments while reducing dependency on the dollar for cross-border payments.
The trade volume between the two countries was $7.67 billion in 2018 with $3 billion in exports by Myanmar and $4.6 billion exports by Thailand.
မြန်မာ – ထိုင်း နယ်စပ်စခန်းများတွင် နှစ်နိုင်ငံငွေကြေးသုံးစွဲရန် MoU ရေးထိုး
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေခြင်းများကို မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေကို အသုံးပြုရန် မြန်မာနှင့် ထိုင်း ဗဟိုဘဏ်နှစ်ခုက နားလည်မှု စာချွန်လွှာ(MoU) ရေးထိုးခဲ့ကြောင်း ထိုင်းနိုင်ငံတော်ဗဟိုဘဏ်မှ အောက်တိုဘာ ၂၁ တွင် ထုတ်ပြန်ထားသည်။
ထိုသို့ နှစ်ဘက်နိုင်ငံမှ သုံးစွဲနေသည့် ငွေကြေးဖြင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရန် စီစဉ်ခြင်းသည် နယ်စပ်ကုန်သွယ်ရေးဇုန်များတွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင်လုပ်ဆောင်ခြင်း ဖြစ်သည်။
ယင်း နားလည်မှုစာချွန်လွှာ (MoU) ကို အောက်တိုဘာ ၁၈ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ IMF-WBE နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဌနှင့် ထိုင်းနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌတို့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
မြန်မာနှင့် ထိုင်းရှိ ဗဟိုဘဏ်များသည် ဘဏ္ဍာရေးကဏ္ဍတွင် ဆန်းသစ်တီထွင်ခြင်းများ၊ ပြုပြင်ပြောင်းလဲခြင်းများ ၊ ငွေပေးချေရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားပြီး ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေရေးလုပ်ငန်းစဉ်များကို ပိုမိုလုံခြုံနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
MoU ရေးထိုးလိုက်ခြင်းကြောင့် အမေရိကန်ဒေါ်လာသုံးစွဲမှုများလျော့ကျလာနိုင်ပြီး ငွေပေးချေရေးလုပ်ငန်းများပိုမိုမြန်ဆန်လာနိုင်ဖွယ်ရှိကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက သုံးသပ်သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုသည့် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံအထိရှိပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသည့် ပို့ကုန်များတင်ပို့ထားသည်။ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံတန်ဖိုးရှိသည့် သွင်းကုန်များပြန်လည် တင်သွင်းထားကြောင်း ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။