The Ministry of Agriculture, Livestock and Irrigation will build a market center for agricultural products in Pubbathiri Township, Naypyidaw.
The ministry held a groundbreaking ceremony for the $8.37 million building on January 20, 2021.
“The center, upon completion, will create market stability providing market information for farmers and producers, and help consumers have access to quality and safe products by providing post-harvest technologies, product standards, and food safety inspections and tests,” Dr. Aung Thu, Union Minister of the Ministry of Agriculture, Livestock and Irrigation, said.
The center is a joint project between the Ministry of Agriculture, Livestock, and Irrigation and the Korea International Cooperation Agency (KOICA). It was initiated in 2018.
In addition to the project, another center called the agriculture Product Processing Center will also be built in Heho Township, Shan State to help produce value-added agricultural products. The center is expected to help improve the market at the producer levels as it aims to help farmers in sorting, packing, classification, standardization, branding, storing, and processing.
The infrastructures will strengthen farmer organizations enabling them to negotiate prices while market departments disseminate market information.
Written by Ko Myo
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို တည် ဆောက်မည်ဟု သိရသည်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်နေ့တွင် စီမံ ကိန်းအတွက်အဆောက်အဦပန္နက်တော်တင် မင်္ဂလာ ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
“စီမံကိန်းပြီးစီးပါက ထုတ်လုပ်သူတောင်သူတွေ အတွက် စိုက်ပျိုးထွက်ကုန်တွေရဲ့ ဈေးကွက် သတင်းအချက်အလက်တွေကို ရရှိစေခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှုအခြေအနေတွေကို ဖန္တီး ပေးနိုင်မှာဖြစ်သလို အဆင့်မြင့်ရိတ်သိမ်းချိန်လွန် နည်းပညာများ၊ ထုတ်ကုန်စံချိန်စံညွှန်းများ၊ အစားအစာ ဘေးကင်းလုံခြုံမှုစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် စားသုံးသူများအနေဖြင့် အရည်အသွေးကောင်းပြီး ဘေးကင်းလုံခြုံတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို လက်လမ်းမီ ရရှိနိုင်မှာဖြစ်ပါတယ် ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန တည်ထောင်ခြင်းစီမံကိန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ (၈ ဒသမ ၃၇)သန်းဖြင့်အကူအညီရယူကာ ၂၀၁၈ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအပြင် ရှမ်းပြည်နယ်၊ ဟဲဟိုး မြို့နယ်တွင်စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပြုပြင်ရေးဌာန (Agricultural Product Processing Center, APC)ကို တည်ဆောက်မည်ဖြစ်ပြီး အဓိကစိုက်ပျိုးရေးထုတ်လုပ် သည့်နေရာများတွင် ထုတ္ကုန္မ်ား တန်ဖိုးမြှင့် တင်ခြင်းဖြင့် ကနဦးစိုက်ပျိုးထုတ် လုပ်သူအဆင့် မှာပင် စိုက်ပျိုးရေး ထွက်ကုန် ဈေးကွက်ကို တိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် APC သည် စိုက်ပျိုးရေးထုတ်ကုန်များ အုပ်စုခွဲခြင်း၊ ထုပ်ပိုးခြင်း၊ အဆင့်အတန်း ခွဲခြားခြင်း၊ စံသတ်မှတ်ခြင်း၊ ကုန်အမှတ်တံဆိပ် သတ် မှတ်ခြင်းအအေးခန်းသိုလှောင်ခြင်းနှင့်ထုတ်ကုန် ပြုပြင်သည့် လုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်မှုများကြောင့် တောင်သူအဖွဲ့ အစည်းများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကာ တောင်သူလယ်သမားများကိုယ်တိုင် ဈေးညှိနှိုင်း နိုင်မည်ဖြစ်ပြီး ဈေးကွက်ဌာနများမှတစ်ဆင့် ဈေးကွက်သတင်းအချက်အလက်ပံ့ပိုးခြင်း၊ ထုတ်လုပ်သူ တောင်သူအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေခြင်း၊ ထုတ်ကုန်များစံချိန်စံညွှန်းနှင့် ပြည့်မီလာစေခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ခြင်းတို့ကို ရရှိနိုင်မည်ဟု သိရသည်။
ထို့အပြင် အအေးခန်း သိုလှောင်နိုင်ခြင်းကဲ့သို့ အခြေခံအဆောက်အဦဆိုင်ရာလုပ်ငန်းများ ပိုမို အားဖြည့်ပေးနိုင်ခြင်းတို့ကြောင့် ပိုမိုယုံကြည် စိတ္ခ်ရေသာ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်စနစ်များ ဖွံ့ဖြိုးလာစေပြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ(ADS) ၏ မျှော်မှန်းရလဒ်များကိုလည်း ရရှိနိုင်ရန် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Medically reviewed by Debra Rose Wilson, Ph. viagra 100mg Medically reviewed by University of Illinois.