HomeBusinessMyanmar-China Border Trade Yet to Resume Normal

Myanmar-China Border Trade Yet to Resume Normal

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Myanmar-China Border Trade has not yet returned to normal, but some trucks carrying rice leave the Muse border trade daily, U Min Thein, Vice President of Muse Wholesale Market, told Myanmar Business Today.

“The border gates likely remain closed until the COVID-19 disappear,” he added.

Authorities still ban people going through the border gates between Myanmar and China except for some freight trucks. Myanmar exports around 15,000-20,000 bags of rice daily as well as onion and green gram while China exports textile, construction materials, electronics, and food to Myanmar.

Before the COVID-19, around thousand of trucks passed through the border gates between the two neighbors. But the number has decreased significantly.

When Chinese President Xi visited Myanmar on January 17-18 this year, the two countries signed 33 agreements in various sectors.

Written by Tayzar Bhone Myint/ Translated by Min Thu Aung


တရုတ် မြန်မာနယ်စပ်ဂိတ်များတွင် ကုန်တင်ယာဉ်များ ပုံမှန်သွားလာခွင့်မရှိသေးသောကြောင့် ကုန်သွယ်မှု ပုံမှန်မဖြစ်သေးသော်လည်း မူဆယ်မှ နေ့စဉ် ဆန်တင်ပို့မှု အနည်းငယ်ရှိကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက Myanmar Business Today ကိုပြောသည်။

“မြန်မာပြည်မှာ ကိုဗစ်နိုင်တင်းရောဂါပိုး ကင်းစင်သွားမှဖွင့်ပေးမယ့် သဘောရှိတယ်” ဟု ဦးမင်းသိန်း ကပြောသည်။

တရုတ်မြန်မာနယ်စပ်ဂိတ်များတွင် လူဝင်ထွက်ခွင့်ကို ခွင့်မပြုသေးပဲ ကုန်တင်ကား တချို့သာ ဝင်ထွက်ခွင့်ရှိနေသည်။  မူဆယ်မှ ဆန်ကုန်တွဲများ တစ်နေ့လျှင် ဆယ်တွဲမှ အတွဲနှစ်ဆယ်အထိ ကုန်သွယ်လျက်ရှိပြီး ဆန်အိပ် တစ်သောင်းခွဲမှ နှစ်သောင်းကြား နေ့စဉ်တင်ပို့လျက်ရှိကြောင်း ဦးမင်းသိန်းကဆိုသည်။

ထိုအပြင် ကြက်သွန်နီနှင့် ပဲတီးစိမ်း ကုန်သွယ်မှုရှိပြီး တရုတ်နိုင်ငံဘက်မှ အထည်အလိပ်များ အိမ်ဆောက်ပစ္စည်း လျှပ်စစ်ပစ္စည်း စားသောက်ကုန်ပစ္စည်း တချို့ဝင်ရောက်လျက်ရှိကြောင်းလည်း ဦးမင်းသိန်းကပြောသည်။

“လူအဝင်အထွက်မရသေးဘူး၊ ကုန်တင်ကားတွေဝင်လို့ ထွက်လို့ရတယ်ဆိုတော့ သွားလို့ရတယ်” ဟု ဦးမင်းသိန်းကပြောသည်။

တရုတ်မြန်မာနယ်စပ်တွင်  COVID – 19 ကြောင့် ကုန်တင်ယဉ် ဝင်ထွက်သွားလာရေး စနစ်ကို ပြောင်းလဲခဲ့ရာ ယခုအချိန်အထိ ပြန်လည် ခွင့်ပြုပြင်ဆင်ခြင်း မရှိသေးကြောင်းသိရသည်။

COVID – 19 ကာလမတိုင်မှီ ကုန်သွယ်ရေးဇုန်အတွင်း တစ်နေ့လျှင် ကားစီးရေ ၁၀၀၀ ကျော် ဝင်ရောက်ကုန်သွယ်မှုရှိခဲ့ရာမှ ယခုအချိန်တွင် နည်းပါးလျက်ရှိသည်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံသမ္မတ  မစ္စတာရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီး လာရောက်ချိန်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား  ကဏ္ဍအသီးသီးမှာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် စာချုပ်ပေါင်း ၃၃ ခုကိုလည်း လက်မှတ် ရေးထိုးခဲ့သည်။

တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ် ကုန်သွယ် ရေးစခန်း ၄ ခု၌၂၀၂၀ ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်း ၂၇၀ ကျော်ရရှိခဲ့ ပြီး၊၂၀၁၉ ခုနှစ် ယင်း ကာလတူတွင် ဒေါ်လာ ၄၇၉ သန်း ရရှိခဲ့သောကြောင့် ယခုနှစ်တွင် ဒေါ်လာ ၂၀၉ သန်း လျော့ ကျသွားခဲ့ကြောင်းသိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img