Myanmar Collects Over K13 Billion from Mobile Phone Tax

0
345

vol ,7 Issue 43

By Myo Sanday / Myanmar Business Today

Myanmar has collected K13 billion by collecting import tax on mobile phones and related devices. The tax has been earned over the last three months (July, August and September) of Fiscal Year 2019.

“Mobile phones and related devices are now collectively imported under the associations. The volume of revenue from collecting import tax increased as much as K13 billion,” said Dr. Than Myint, Union Minister of the Ministry of Commerce.

Previously, revenue from collecting import tax on mobile phones and related devices was around K2 billion.

Moreover, the country commenced collecting commercial tax and requiring mobile phone retailers to put tax stamps on receipts. A total of K5.2 billion was collected in two months with Yangon and Mandalay paying over K1 billion each; the remaining regions and states paying K3 billion.

The Internal Revenue Department (IRD) is also taking action on retailers who failed to put tax stamps on receipts, to date the department has fined a total of K58 million.

Retailers must place tax stamps on receipts or they will face a penalty of K200,000 fine for the first offense, K500,000 for the second offense, K700,000 for the third offense, and K1 million for the fourth offense and above.

The IRD has also instructed other services such as restaurants, hotels and motels to place tax stamps on receipts.

မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းအပေါ်ကောက်ခံသည့်အခွန်ရရှိမှှုသည် နောက်ဆုံးသုံးလတာ အတွင်း (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာသုံးလအတွင်း) ကျပ် ၁၃ ဘီလီယံအထိ ကောက်ခံရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။

“ မိုဘိုင်းဆက်သွယ်ရေးပစ္စည်းတွေကို တင်သွင်းတဲ့နေရာမှာ စနစ်တကျ အေဂျင်စီက တဆင့်တင်သွင်း တဲ့အတွက်ကြောင့် ပစ္စည်းတွေကို စနစ်တကျရောင်းချတဲ့အတွက်ကြောင့် မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းခြင်း ကနေ ကောက်ခံရရှိတဲ့အခွန်က ၁၃ ဘီလီယံအထိ အံ့သြလောက်အောင် ရရှိပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။

မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းအပေါ် အခွန်ကောက်ခံရရှိမှုမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ကျပ် နှစ်ဘီလီယံခန့်သာ ကောက်ခံရရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် သုံးလအတွင်းတွင် အဆိုပါ ပမာဏကို ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် ဆိုင်များ၏ ငွေရှင်းပြေစာများတွင် ကျသင့်ငွေ၏ ငါးရာခိုင်နှုန်းအား ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကပ်နှိပ်ခြင်းကို ဇွန် လမှ စတင်ကျင့်သုံးခဲ့ပြီး နှစ်လအတွင်း ကျပ် ၅ ဒသမ ၂ ဘီလီယံကျော်ကောက်ခံရရှိခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ ဖုန်းဆိုင်များမှ ကျပ် ၁ ဘီလီယံကျော်စီ ရရှိကာအများဆုံးရရှိခဲ့သည်။ ကျန်တိုင်းနှင့် ပြည်နယ်များမှ ကျပ် ၃ ဘီလီယံကျော်ကောက်ခံရရှိခဲ့သည်။

ဖုန်းဆိုင်များကို ကုန်သွယ်လုပ်ငန်းခွန် ကပ်ရန်ညွှန်ကြားသည့်အချိန်တွင် ဖုန်းဆိုင်အချို့မှာ အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရန်ပျက်ကွက်မှုများရှိခဲ့ပြီး ယင်းပျက်ကွက်မှုများကြောင့် ဒဏ်ရိုက်ထားသည့်အမှုပေါင်း ၁၅၇  မှုရှိပြီး ဒဏ်ကြေး ကျပ် ၅၈ သန်း ရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

 ငွေရှင်းပြေစာပေါ်တွင် အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရမည်ဖြစ်ပြီး အခွန်ပြေစာအမှတ်တံဆိပ် မကပ်သည့်ဖုန်းဆိုင်များကို ပထမတစ်ကြိမ်ပျက်ကွက်လျှင် ကျပ် နှစ်သိန်း ၊ ဒုတိယတစ်ကြိမ်ပျက်ကွက်လျှင် ကျပ် ငါးသိန်း၊ တတိယတစ်ကြိမ်ပျက်ကွက်လျှင် ကျပ် ခုနှစ်သိန်းနှင့် စတုတ္ထအကြိမ်ပျက်ကွက်ပါက ကျပ် ၁၀ သိန်းအား ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်သည် ။ လေးကြိမ်အထက်ပျက်ကွက်မှုများကို တစ်ကြိမ်လျှင် ဒဏ်ကြေး ကျပ် ၁၀ သိန်းပေးဆောင်ရမည်ဖြစ်သည်။

အခွန်ပိုမိုရရှိရေးအတွက် ဖုန်းဆိုင်များအပြင် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းတို့ ၏ ငွေရှင်းပြေစာများတွင် အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရန်ညွှန်ကြားလျက်ရှိသည်။

Previous articleKBZPay Plans Expansion to Singapore, Thailand and Malaysia
Next articleWould You Like Fries With That? McDonald’s Already Knows the Answer.