အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Written by Tayzar Bhone Myint
Myanmar has earned $591.252 million from exporting nearly 1.3 million tons of whole grain rice and more than 0.7 million tons of broken rice as of June 5 since October 1, the beginning of the 2019-2020 fiscal year, according to Myanmar Rice Federation.
Overall agricultural product export as of June 12 since October 1, 2019, shows a $466.342 million increase compared to the same period last fiscal year. This year, the country earns $2,439.924 million from agricultural export compared to $2,906.266 million in the previous fiscal year.
Most of the whole rice export went to China and other countries such as Malaysia, Philippines, Madagascar, and Ivory Coast while broken rice was mainly export to Bulgarian and the rest to Senegal, China, Indonesia, and the Netherlands.
Myanmar rice export gradually increased since 2010 and managed to export 3.58 million in 2017-2018, which is a record high in 70 years.
Translated by Min Thu Aung
ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၉၁ ဒသမ ၂၅၂ သန်း ရရှိထားသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
ဆန်ကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားပြီး မလေးရှား၊ ဖိလစ်ပိုင်၊ အာဖရိကမှ မတ်ဒါစကာနှင့် အိုင်ဗရီကို့စ် နိုင်ငံများသို့လည်း တင်ပို့ရောင်းချထားသည်။ ထို့ပြင် ဆန်ကွဲကို ဘယ်ဂျီယံနိုင်ငံသို့ အများဆုံးတင်ပို့ထားပြီး ဆီနီဂေါ၊ တရုတ်၊ အင်ဒိုနီးရှားနှင့် နယ်သာလန် နိုင်ငံများသို့လည်း ဆန်ကွဲ တင်ပို့ထားသည်။
မြန်မာနိုင်ငံသည် ယခင်က ဆန်တင်ပို့မှုတွင် ထိပ်တန်းမှ ပါဝင်သော်လည်း နောက်ပိုင်းတွင် ဆန်တင်ပို့မှုနည်းပါးပြီး နှစ်စဉ် ပြည်ပတင်ပို့မှုမှာ အနည်းငယ်သာရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ဆန်ပြည်ပတင်ပို့မှု တိုးတက်လာပြီး တန်ချိန် တစ်သန်းကျော်ထိ ရောက်ရှိလာသည်။ သို့ရာတွင် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုမှ တင်ပို့မှုမှာ ၅၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုမှာ တန်ချိန် ၃ ဒသမ ၅၈ သန်းအထိရောက် ရှိခဲ့ပြီး ဆန်တင်ပို့နိုင်မှု သမိုင်းတွင် နှစ်ပေါင်း ၇၀အတွင်း အများဆုံး အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ သို့ရာတွင် အဆိုပါ နှစ်တွင်လည်း ဆန် တန်ချိန် ၁ ဒသမ၈ သန်းအထိ တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်မှုမှ တစ်ဆင့် တင်ပို့မှု ပါဝင်လျက်ရှိသည်။
လက်ရှိနှစ်တွင် တရုတ်နိုင်ငံ ဘက် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တရားမဝင် တင်သွင်းသည့် အနေအထားကို လက်ခံခြင်းမပြုဘဲ ဖမ်းဆီးမှုများ ဆောင်ရွက်သဖြင့် နယ်စပ်မှ ဆန် တင်ပို့မှု လျော့ကျလာခဲ့သည်။
သန်းရှိသည်။ ဆန်တင်ပို့မှုကျဆင်းသွားခြင်းမှာ အဓိကအားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့ရန် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် တရားဝင်လမ်းကြောင်းမှ ပိုမိုတင်ပို့နိုင် ရန် ကြိုးပမ်းလာရသည်။
ယခုဘဏ္ဍာနှစ် ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဆန်တန်ချိန် သုံးသိန်း ခုနစ်သောင်းကျော် ပိုမို တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ပိုမို ရရှိထားသည်။