Vol 7 , Issue 43
By Ei Thandar /Myanmar Business Today
Myanmar Expects $200 Billion FDI Over the Next 20 Years
Myanmar is putting forth efforts to boost foreign investment in the country. “The country expects to see over $200 billion Foreign Direct Investment (FDI) in the next 20 years,” said U Thaung Tun, Union Minister of the Ministry of Investment and Foreign Economic Relations.
“Last Fiscal Year (2018-2019), FDI inflows were not as much as expected due to the negative view on Myanmar because of political instability. This fiscal year, we are implementing an investment promotion plan. We hope to see increased foreign investments,” U Thaung Tun said at the monthly meeting between the Vice President of the country and local businessmen.
“Foreign investors are concerned with labor issues. There were cases where some garment factories and shoe-making factories shut down because of conflicts between employer and employees. Therefore, foreign investors pressed the need to follow existing labor laws; not only by employers but also by employees,” said U Zaw Min Win, President of the Union of Myanmar Federation of Chamber of Commerce and Industry (UMFCCI).
He suggested that labor issues should be addressed collectively by the Ministry of Commerce, the Ministry of Labor, Immigration and Population, the Ministry of Home Affairs and other industry experts.
Industrial leaders also say if the government allows offshore oil and gas exploration and mining exploration, then investment volume will increase rapidly. Asia Development Bank has estimated that Myanmar’s economic development would be 6.6 percent in FY 2020, comparatively the World Banks estimation is 6.8 percent.
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတစ်ရပ်ကို JICAအဖွဲ့၏ အကူအညီဖြင့် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လာမည့် နှစ်၂၀တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ဘီလီယံ ၂၀၀ကျော်အထိ ဝင်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
“ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်(၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်) ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်တာတွေ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင်မကြည်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက မျှော်မှန်းထားသလောက် ဝင်ရောက်ခဲ့ခြင်းမရှိဘူး။ အခုဘဏ္ဍာနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှု မြှင်တင်ရေးစီမံကိန်းကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုဟာ စံချိန်တင်ဝင်ရောက်မယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောသည်။
“အခုဆိုရင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေက အလုပ်သမားပြသနာနဲ့ ပတ်သက်ပြီး ထောက်ပြမှုတွေရှိတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ပြသနာတက်တာတွေကြောင့် အထည်ချုပ်လုပ်ငန်းတို့ ဖိနပ်လုပ်ငန်းတို့ဆိုရင် ပိတ်သိမ်းခဲ့ရတာတွေရှိတယ်။ ဒါကြောင့် အလုပ်ရှင်ကော အလုပ်သမားတွေကိုရော ဥပဒေကို လိုက်နာဆောင်ရွက်ဖို့ လိုတယ်ဆိုပြီး နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြလာပါတယ်” ဟု UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းက လက်ရှိရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲအချို့ကို ရှင်းပြသည်။
အလုပ်ရှင် အလုပ်သမား ပြသာနာများကို ဖြေရှင်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပညာရှင်များ ပူးပေါင်း၍ အလုပ်ရှင် အလုပ်သမားပြသနာများကို ဖြေရှင်းသင့်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းနှင့် ပြည်တွင်း၌ ဓာတ်သတ္တု ရှားဖွေရေးလုပ်ငန်းများကို စိစစ်ခွင့်ပြုမည်ဆိုပါက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စံချိန်တင် ဝင်ရောက်လာနိုင်မည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ စစ်တမ်းများအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၂၀-၂၀၂၁ခုနှစ်တွင် ၆.၆ ရာခိုင်နှှုန်း အထိရှိလာမည်ဟု ထုတ်ပြန်ထားပြီး ကမ္ဘာ့ဘဏ်မှာ ၆.၈ ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။