HomeBusinessMyanmar Extends Domestic Flight Ban until November 30

Myanmar Extends Domestic Flight Ban until November 30

Civil Aviation Department has announced that the domestic flight ban, which ended on November 15, has extended until November 30 amid rising COVID-19 cases in the country 

Myanmar has imposed the restrictions on domestic air travel since September 11 after locally transmitted COVID-19 cases soared starting from late August. 

The country also extended the international flight ban, imposed on March 30, to November 30.

However, transport flights, relief flights, and special flights with the approval from the Department of Civil Aviation are allowed to land in Myanmar.

Yangon Aerodrome Company Limited (YACL) has suggested travelers check and make inquiries at the airlines’ official Facebook pages and website. 

As of November 17, there are over 71,730 confirmed cases with 1,625 deaths and 54,274 recovered.

Written by Ko Myo


ပြည်တွင်းလေကြောင်း ခရီးစဉ် ပြေးဆွဲခွင့် ရပ်ဆိုင်းကာလကို နိုဝင်ဘာလ (၃၀) ရက်ထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို နိုဝင်ဘာလ ၁၅ ရက်အထိ တိုးမြှင့်ထားခဲ့ပြီး  ယခုအခါ နိုဝင်ဘာလကုန်အထိ ထပ်မံတိုးမြှင့် လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ခရီးသည်များအနေဖြင့် မိမိတို့၏ ပြည်တွင်းလေကြောင်းခရီးစဉ်ပြောင်းလဲမှုများနှင့် အသေးစိတ် ကိစ္စရပ်များအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းအသီးသီး၏ တရားဝင် Facebook စာမျက်နှာ နှင့် Website များမှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်စုံစမ်း နိုင်ရန် Yangon Aerodrome Company Limited (YACL)က အကြုံပြုထားသည်။

ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (“YIA”) Terminal 1 ရှိ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း ကာလကိုလည်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ကန့်သတ်ထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ခရီးစဉ်များ ပြေးဆွဲပျံသန်းမှုကိုမူ ဆက်လက် ဝန်ဆောင်မှုပေးသွား မည်ဖြစ် ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img